EP126(U+Z)

2.8K 363 4
                                    

.....

Uni
EP 126ယန်ရိုမင်ရဲ့နှစ်သိမ့်မှုနဲ့ဒေါသများ (U)

ရှရှင်းချန်ဟိုတယ်သို့ပြန်လာခဲ့သည်။အခန်းတံခါးဖွင့်ပြီးသူ့အခန်းထဲသို့ဝင်လာတဲ့အခါယန်ရိုမင်ပြတင်းပေါက်နားတွင်မတ်တပ်ရပ်နေရင်းဖုန်းပြောနေတာကိုသူတွေ့လိုက်ရသည်။ကန့်လန့်ကာများအားတဝက်မျှဆွဲချထားတာမို့အခန်းအလင်းရောင်သည်ကအနည်းငယ်မှေးမှိန်လျက်ရှိနေသည်။

သူယန်ရိုမင့်ဘေးသို့လျှောက်သွားလိုက်သည်။ယန်ရိုမင်ကသူ့ကိုလှည့်ကြည့်လာသည်။ဖုန်းအားနားနားမှာပင်ကပ်ထားဆဲရှိနေလျက်သူ့အားဆွဲယူကာနဖူးလေးအားနူးညံ့စွာနမ်းရှိုက်လာခဲ့သည်။

ရှရှင်းချန် ယန်ရိုမင်ပြောတာကိုကြားလိုက်ရသည်။

!ဂရုစိုက်ပြီးလုပ်ပေးပါဦး...ဒီပြသနာကိုဘေးချိတ်ပစ်လိုက်တာကကောင်းဆုံးဖြစ်မယ်ထင်တယ်၊အဲဒီဓာတ်ပုံတွေကသိပ်ပြီးတော့ပြသနာကြီးကြီးမားမားလဲမရှိနိုင်လောက်ဘူး၊
ပြီးတော့ အိပ်ရာပေါ်ကဓာတ်ပုံတွေလဲမဟုတ်ဘူးလေ!

သူကအခြားတစ်ဖက်ကဘယ်သူဆိုတာကိုသူမသိဘူး။ရုတ်တရက်ဆိုသလိုသူတို့ရဲ့အသံကပိုမိုကျယ်လောင်လာတာမို့အတော်
အတန်ပင်သိချင်စိတ်ပြင်းပြနေခဲ့သည်။သို့သော်ရံဖန်ရံခါဖုန်းလက်ခံသည့်ဖက်မှထွက်ပေါ်လာသည့်အသံအားအနည်းငယ်ကြားနေရသည့်တိုင်သူတို့ပြောတဲ့စကားလုံးတိုင်းကိုတော့ အတိအကျဖမ်းယူမရနိုင်ဘဲရှိနေခဲ့ရသည်။

ယန်ရိုမင်ကမသိစိတ်ဖြင့်ဖုန်းအားသူ့နားနားမှခွာလိုက်ပြီးသည်နှင့်တစ်ဖက်ခေါ်ဆိုသူအား စကားခဏဖြတ်ကာ...အေးဆေးစွာဖြင့်ပြောလာခဲ့သည်။

!ကိုယ်ကရယ်စရာပြောနေတာ ...
ကလေးလည်းဒူဂျင်းလိုဘဲ
စိတ်အိုက်နေတာလား ?

ထိုမှသာတဖက်ဖုန်းခေါ်ဆိုလာသူကဒူဂျင်းဖြစ်ကြောင်းရှရှင်းချန်သိခဲ့ရသည်။တခြားတဖက်တွင်ဒူဂျင်းကစကားအနည်းငယ်အားအမြန်အဆန်ပင်ပြောဆိုပြီးတတွတ်တွတ်
ဖြင့်ပြောဆိုနေလျက်သူ့ရဲ့စကားလုံးများက
သွက်လက်မြန်ဆန်လွန်းနေခဲ့သည်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Waar verhalen tot leven komen. Ontdek het nu