EP3(U)

4.3K 511 2
                                    

..

ဟွမ်ကျိရှင်းသည် အင်တာနက်မှ မှတ်တမ်းရုပ်ရှင်တစ်ခုအား ရှရှင်းချန်သိူ့ ပြလာပြီး
ထိုမှတ်တမ်းရုပ်ရှင်သည်ဟယ်ကျန်း၏
ရုပ်ရှင်ရိုက်ကူးခြင်းပုံစံများအား
မှတ်တမ်းတင်ထားခြင်းဖြစ်လေသည်။

ရှရှင်းချန်သည် ကွန်ပျူတာရှေ့မှာထိုင်၍
ကြည့်ခဲ့ရင်း နဖူးမှပင်ချွေးအနည်းငယ်စို့လာခဲ့သည်။ဟယ်ကျန်းသည် သူရုပ်ရှင်များနှင့်
ရုပ်ရှင်သရုပ်ဆောင်များအပေါ်တွင်
တင်းကြပ်သော စည်းမျဥ်းများကိုတွေ့ရသည်။တစ်စုံတစ်ယောက်သည် သူ့သဘော
နှင့်မကိုက်ညီပါက သူစိတ်ကျေနပ်သည့်အနေအထားထိရောက်အောင်မရမခြင်းသရုပ်ဆောင်ခိုင်းသည်ကိုလည်းတွေ့ရသည်။
သို့သော် ရှရှင်းချန်အားစိတ်ညစ်စေသည့်အရာကတော့ ဟယ်ကျန်းသည် ဘယ်နေရာတွင် မှားယွင်းနေသည်ကိုသာထောက်ပြပြီးမည်သည့်ပုံစံအမှန်ပြင်ရမည်ကိုမပြောခြင်းဖြစ်သည်။မှတ်တမ်းရုပ်ရှင်ထဲတွင် မင်းသမီးသည် ဇာတ်ကွက်တစ်ခုအား ဆယ်ကြိမ်ကျော်မှ ပြန်၍သရုပ်ဆောင်နေရပြီး ချွေးပြန်နေမှုကြောင့်မိတ်ကပ်များပင် ကွက်လာနေသည်ကိုတွေ့ရသည်။ရှရှင်းချန်သည်
ထိုပတ်ဝန်းကျင်၌ ဖိအား မည်မျှကြီးမားမည်ဖြစ်ကြောင်းကိုသူခန့်မှန်းမိသည်။
သက်ပြင်းရှည်တချက်သာချမိရင်း
မှတ်တမ်းရုပ်ရှင်အား တစ်နာရီလောက်သာ
ကြည့်ပြီးနောက်ပိတ်လိုက်တာ Webioကို
ဖွင့်လိုက်သည်။

သူ၏အကောင့်သည် ယခင်အတိုင်းပင်
စာတိုမက်ဆေ့များ ၊notiများဖြင့် ပြည့်နေလျက်ရှိနေသည်။သူသည် မှတ်ချက်များနှင့် messageများကို ကြည့်ဖို့ရန်အချိန်မရသော်လည်း ဟယ်ကျန်း၏အကောင့်အား
ရှာလိုက်သည်။သူတွေ့လိုက်ရသည်က
အကောင့်တစ်ခုက ဟယ်ကျန်း၏ရုပ်ရှင်
အသစ်တွင် သူပါဝင်သရုပ်ဆောင်မည်ကို
ရေးထားပြီး ထိုအကောင့်အောက်တွင်
များစွာသော သူ၏ပရိတ်သတ်များနှင့်
အခြားသူများကပါ မဟုတ်နိုင်ကြောင်း
မယုံနိုင်ကြောင်းမှတ်ချက်များစွာ
ပေးထားသည်ကိုလည်း သူတွေ့လိုက်ရသည်။ရှရှင်းချန်သည် ပိုစ့်အား အစအဆုံး
ဝင်ရောက်ဖတ်ကြည့်ကာစပ်စုလိုက်ရင်း
ဟယ်ကျန်း၏ရုပ်ရှင်အသစ်တွင် သူပါဝင်သရုပ်ဆောင်မည့်အကြောင်းတစ်ခုသာ သတင်းထွက်လာပြီး ယန်ရိုမင်နှင့်ပတ်သက်သော အချက်အလက်ကိုမူ မည်သည့်အရာမှ
မတွေ့ရသည်ကိုတွေ့လိုက်ရသည်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now