EP15(U+Z)

3.3K 515 25
                                    

.ရှရှင်းချန်သည် ရုတ်တရက်ပင်ယန်ရိုမင်ကို မြငလိုက် ရသောအခါ သူ့ ခန္ဓာကိုယ်၏မသိစိတ်အလျောက်တုံ့ပြန်မှုသည် ဦးနှောက်ထက်ပင် ပိုမြန်သွားခဲ့ပြီး
သူ့ကို မှီထားသော ကောင်မလေးအား
သူ၏လက်များဖြင့် ချက်ခြင်းပင်တွန်းထုတ်လိုက်မိသည်။ သို့သော် နောက်မှပင်အေးဆေးတည်ငြိမ်သွားသောအခါ သူ့အပြုအမူသည် အလွန်ပင်ရိုင်းပျကာ မသင့်တော်သည်ဟု ခံစားလိုက်ရသည်။
သို့သော် ထိုအချိန်တွင် သူ့ဦးခေါင်းသည်
ရုတ်ခြည်းမျှ ပူထူသွားခဲ့ပြီး ဘာမှမတွေးမိအောင် ဖြစ်သွားခဲ့လေသည်။

ရှရှင်းချန်၏တွန်းထုတ်ခြင်းကို ခံလိုက်ရသော ကောင်မလေးသည် ခဏတဖြုတ် မျှ
ဒေါသထွက်သွားခဲ့သော်လည်း ယန်ရိုမင်ကို
သတိပြုမိသွားသောအခါ များစွာ အံ့အား
သင့်သွားခဲ့ရင်း စိတ်လှုပ်ရှားမှုနှင့်အတူ
ပြောလာခဲ့သည်။

!ယန်ရို မင်!

ယန်ရိုမင်သည် သူမကို မသိသောကြောင့်
ဘာမှပြန်မပြောဘဲ နေလျက် မျက်နှာမှာ
လုံးဝပင်ပျက်ယွန်းနေပုံရနေလျက် မပျော်ရွှင်ပုံလဲ ရနေခဲ့သည်။ထို့နောက် တချက်မျှ စူးစူးဝါးဝါးပင် ရှရှင်းချန်အား ကြည့်သွားရင်း
သူတို့ထက်အရင် ဓာတ်လှေကားဖက်သိူ့
ထွက်သွားခဲ့လေသည်။

(ဘေဘီရှ ရေ ရှင်တော့ သေပြီ ထင်တယ် 😂)

ရှရှင်းချန်သည် ရုတ်တရက် ရှေ့သိူ့တိုးလိုက်ရင်း ထွက်သွားသော ယန်ရိုမင်၏လက်အား
လှမ်း၍ပင် ဖမ်းဆုပ်ရန်ကြိုးပမ်းလိုက်မိသည်။သိူ့သော်သူသည် လက်ပြန်ရုတ်လိုက်ရင်း ယန်ရိုမင်အား တကယ့်တကယ်တွင်
သူ့ဖက်မှ ဘာမှရှင်းပြရန် မလိုကြောင်းကို
ပြန်လည်သိမြင်လျက် သက်ပြင်းတချက်သာ
ချလိုက်မိလေသည်။

ရှရှင်းချန်သည် ကောင်မလေးအား
တယောက်ယောက်ကို အကူအညီတောင်းကာ
ပိူ့ခိုင်းလိုက်လေသည်။ထို့နောက်သူသည်
ရိုက်ကွင်းရှိရာသို့သာ စောစောလာခဲ့လိုက်လေသည်။ရိုက်ကွင်းရှိရာ သိူ့ သွားနေရာ
လမ်းတစ်လျှောက်တွင် သူ၏စိတ်များသည်
လုံးဝပင် မအေးနိုင်ဘဲ စဥ်းစားလာခဲ့သည်။
သူယနေ့မနက် ယန်ရိုမင်ရှေ့၌ လုပ်လိုက်သောအပြုအမူသည် သူ့အနေဖြင့် မည်သို့မျှ
မသက်ဆိုင်လျက် ဖန်ကျင့်ယွမ်အဖြစ်နှင့်ခံစားမိလိုက်သောကြောင့် ဖြစ်လေသည်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now