EP81(U+Z)

3.1K 435 1
                                    

..

Uni

EP81အကြောင်းအရာအစုံရောပြွန်းသော(U)

ဟွမ်ကျီရှင်း စတူဒီယို သိူ့ကားမောင်းပြီး ထွက်လာကာ စာချုပ်နှင့် ပတ်သက်၍ပြောဆိုညှိနှိုင်းလိုက်ပြီး နောက် ရှရှင်းချန် စီးပွားရေး ကြော်ငြာ ရိုက်ကူးပြီးစီးချိန်ထိ စောင့်ဆိုင်းနေခဲ့သည်။

အပြန်လမ်းတွင် ဟွမ်ကျီရှင်း အလွန် တိတ်ဆိတ်နေသည်အား ရှရှင်းချန် တွေ့သည်မို့ ဘာတွေထူးဆန်းနေလဲဟု သူမေးလိုက်သည်။

!ဘာလို့ မင်း စကားမပြောတော့တာလဲ !

ဟွမ်ကျီရှင်းက သူ့အား နောက်ကြည့်မှန်မှ တချက်ကြည့်လာပြီးပြောသည်။

!ငါ ဘာမှပြောစရာမရှိတော့ဘူး!

ဟွမ်ကျီရှင်း ခုချိန်ထိ စိတ်မကောင်းဖြစ်နေဆဲဟု သူယူဆမိတာမိူ့ရှရှင်းချန် ငြိမ်ငြိမ်လေးထိုင်နေပြီးခေါင်းငုံ့ကာဖုန်းကိုသာကြည်ါနေလိုက်မိတယ်။

ညနေပိုင်းတွင် ယန်ရိုမင်က ဧည့်ခန်းရှိ ဆိုဖာပေါ်တွင်ထိုင်ကာ ဇာတ်ညွှန်းတစ်ခု ဖတ်နေတယ်။သူ့ရှေ့ရှိ ကော်ဖီစားပွဲ ပေါ်၌ နောက်ထပ် သုံးခုထက်ပိုသော ဇာတ်ညွှန်းများက ပြန်ကျဲနေစဥ် သူ့လက်ထဲ၌ ဇာတ်ညွှန်းတစ်ခုအားကိုင်ထားလျက်ရှိနေခဲ့တယ်။

ဆိုဖာပေါ်၌ စိတ်လက်လက်လွတ် မှီနေရင်း
သူ၏ရှည်လျားသော ခြေထောက်များက ကော်ဖီစားပွဲပေါ် ဆန့်တင်ထားတယ်။လက်တစ်ဖက်က ဇာတ်ညွှန်းကို မြှင့်ကိုင်ထားရင်း
ခေါင်းမော့ကာ ကြည့်လျက်ရှိနေတယ်။

ရှရှင်းချန်လည်းဘဲ ဇာတ်ညွှန်းဖတ်နေတယ် သို့သော် သူက ယန်ရိုမင့် ပေါင်ပေါ် ခေါင်းအုံးလုပ်ကာ လဲလျောင်းနေရင်း
!မတော်တဆ လူသတ်မှု !ရဲ့ ဇာတ်ညွှန်းအား
လက်နှစ်ဖက်ဖြင့်ကိုင်ထားပြီး သူနှင့်ပတ်သက်သော အခန်းများရဲ့ မှတ်သောထားသော စာကြောင်းများအား တကြောင်းချင်းစီ သေချာပင် ဖြေးညှင်းစွာ လိုက်ကြည့်နေခဲ့တယ်။

သူက ဒီဇာတ်ညွှန်းကို တကြိမ်ထက် ပို၍ ဖတ်နေခဲ့ပြီး ချွမ်းချန်ကျင်းရဲ့ အပိုင်းများ အား
ကာလာမာကာဖြင့် အမှတ်အသားလုပ်ထားလိုက်တယ်။သူဇာတ်ညွှန်းအားဖတ်သည့်အခါတိုင်း စိတ်ထဲ၌ မည်သို့ သရုပ်ဆောင်ရမည်ကို မြင်ယောင်ကြည့်လိုက်တယ်။ချွမ်းချန်ကျင်းရဲ့ စိတ်အခြေအနေ နဲ့ ဖော်ပြချက်များအား မည်သည့်အခြေအနေမဆို ဖော်ပြ
နိုင်ဖို့ကိုသာသူတွေးနေမိတယ်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now