EP57(U+Z)

3.2K 458 11
                                    

Uni
EP 57 မိတ်ဆွေသစ်နဲ့ တွေ့ဆုံခြင်း (U)

ရှရှင်းချန် အမှန်တကယ် ဆာလောင်မွတ်သိပ်နေသော်လည်း ယန်ရိုမင်က သူ့ဘေးတွင်ရှိနေသည်မို့ အစားစားရန် ကိစ္စကို များစွာ
မစဥ်းစားနိုင်ဘဲ ထို့ကြောင့်ပင် ယန်ရိုမင် ထမင်းစားစားပွဲသို့ မသွားမီ ခေါက်ဆွဲကြော်
နှင့် ပဲနို့တစ်ခွက်ကိုသာ ယူလာခဲ့လိုက်သည်။

ယန်ရိုမင်က ချန်းဟိုင်လန် စားပွဲသို့ တန်းသွားခဲ့သည်။ရှရှင်းချန်သည်လည်း သူ့နောက်လိုက်သည်မှလွဲ၍ ရွေးချယ်စရာမရှိ တော့ လျက်ရှိနေသည်။သို့သော် သူနီးကပ်လာသည်နှင့်အမျှ ချန်းဟိုင်လန်နှင့် အမျိုးသမီး နှစ်ဦးအပြင် စားပွဲ၌ ထိုင်နေသော အခြားအမျိုးသားတစ်ဦးပါရှိနေကြောင်းသူသိလိုက်ရသည်။

ထိုသူရဲ့ နာမည်က တင်းဝမ်ရွှမ်း ဖြစ်ပြီး လူသိများတဲ့ မင်းသားတစ်ယောက် ဖြစ်ကာ အသက်30လောက်ရှိပြီဖြစ်သည်။သို့သော်
ယန်ရိုမင့်ကဲ့သို့ အသက်အရွယ်မရွေး စိတ်တူသဘောတူ အသိအမှတ်ပြုချင်းခံရသောမဟုတ်ဘဲ သူရိုက်ခဲ့သော ရုပ်ရှင်ကားများက
နာမည်ကြီးမဟုတ်သကဲ့သို့ ကျော်ကြားမှုကလည်း အလည်အလတ်အနေအထားတစ်ခုတွင်သာရှိသူဖြစ်သည်။

သူသည် အနုပညာလောကတွင် မျက်နှာမပြသည်မှာ နှစ်အတော်ကြာပြီဖြစ်ပြီး
ရိုက်ကူးရေး ပညာအားနှစ်ပေါင်းအတော်ကြာ နိုင်ငံခြားတွင် လေ့လာနေခဲ့သည်ဟုလဲ ပြောခဲ့ဖူးသည်။

ရှရှင်းချန် မနေ့က ချန်းဟိုင်လန် မဂ်လာဆောင်တွင်သူ့ကို လုံးဝ၊မတွေ့ မိခဲ့။ထိုသူက
မနေ့ည ညနှောင်းပိုင်း ဒါမှမဟုတ် ဒီမနက်အစောပိုင်းမှ အပြေးအလွှားရောက်ရှိလာခဲ့ပုံ ရနေသည်။

ရှရှင်းချန် အနားသို့ရောက်လာသောအခါ
ယန်ရိုမင် မပြောခင် ချိုက်မိုင်တင်းက
ရှရှင်းချန်အား အရင်မိတ်ဆက်ပေးလာသည်

!ရှင်းချန် ဒါက ဝမ်ရွှမ်း ကော ၊သူက USက ပြန်လာတာသိပ်မကြာသေးဘူး !

ရှရှင်းချန် သူ့လက်ထဲရှိ ပန်းကန်များ အား
စားပွဲပေါ် တင်လိုက်ပြီး အနည်းငယ်ဦးညွှတ် လိုက်သည်။ပြီးနောက် လက် တဖက်အား
တင်းဝမ်ရွှမ်းရှေ့သိူ့ ထုတ်လိုက်ရင်း

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now