EP87(U+Z)

2.6K 395 7
                                    

..

Uni

EP87လမ်းခွဲ ကြရအောင် (U)

ညအပူချိန်က သုညဒီဂရီအောက်တွင်ရှိနေတယ်။လေတစ်ချက် အဝေ့ ပို၍ ပင် ထိုးဖောက်ဝင်လာသော အအေး ဓာတ်က သူတိူ့ရဲ့ ဂျာကင်များမှတဆင့် ခန္ဓာကိုယ်တွင်းထိတိုင် နက်ရှိုင်းစွာ စိမ့်ဝင်သွားစေခဲ့သည်။

ယန်ရိုမင် maskအား ဝတ်ဆင်ထားသည်။
ရှရှင်းချန် သူ့ maskအား အိတ်ကပ်ထဲမှ ထုတ်ယူလိုက်သော်လည်းအပြည့်အဝ မတပ်ဆပ်ထားဘဲ သူ့ နားရွက်တွင်သာချိတ်ထားလျက် မေးရိုး အောက်သို့ ဆွဲချထားခဲ့လိုက်သည်။

အိမ်ယာရဲ့ ဝင်ပေါက်က ဝင်ခွင် ထွက်ခွင့် ကပ်ပြားလိုအပ်သည်။လုံခြုံရေး က တံခါးအား  တင်းကြပ်စွာ ပိတ်ထားပြီး လုံခြုံရေး အစောင့်က ကျဥ်းမြောင်းသော အခန်းလေးထဲ မီးဖိုကာ သူ့ လက်များကိူ နွေးစေနေလျက်
ညနေပိုင်း ပျော်ပွဲ ရွှင်ပွဲ များအား ကြည့်နေသည်။

ရှရှင်းချန် မှန်တံခါးအား ခေါက်လိုက်သည်။
အစောင့်က ပြတင်းပေါက်ကို ဖွင့်လိုက်ပြီး
သူ့အား မြင်သောအခါ မှိန်းမောတွေဝေလျက်ရှိနေသည်။

!ပြသနာဖြစ်သွားစေမိရင် တောင်းပန်ပါတယ် ၊ကျေးဇူး ပြုပြီး ဂိတ်တံခါးလေး ဖွင့်ပေး ပါ !

ရှရှင်းချန် ပြံးပြီး ပြောလိုက်တယ်။

အစောင့်က ရှရှင်းချန်ကို ကောင်းစွာသိသည်။
သူက ပြောလာသည်။

!အရမ်း နောက်ကျနေမှ အပြင်သွားမိူ့ လား !

သူ့ အကြည့်များက ရှရှင်းချန်ဆီမှထွက်ခွာသွားပြီးနောက် သူ့နောက်ရှိ ယန်ရိုမင့်ဆီ ဦးတည်လိုက်သည်။သံသယဖြစ်နေသော်လည်း
သူက တံခါးအား သူတို့ အတွက် ဖွင့်ပေးနေဆဲရှိနေသည်။

ရှရှင်းချန် ပြောလိုက်သည်။

!ကျေးဇူးပါ !

ထို့နောက် ယန်ရိုမင်နဲ့ အတူ ထွက်လာခဲ့ကြသည်။

သူတို့ အိမ်ယာဝန်းထဲမှ ထွက်လာပြီး
ကျယ်ပြန့်သော လမ်းမကြီး ဆီ လျှောက်လာကြသည်။လမ်း၏ဘေး ဖက်သည် အိမ်ယာဝန်းရဲ့ နံရံ များဖြင့် ကာရံ ထားလျက်ရှိနေသည်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Место, где живут истории. Откройте их для себя