EP21(U+Z)

2.9K 447 7
                                    

.ယွီဟိုင်ရန်သည် ကုန်စုံဆိုင်တွင်းရှိ မီးအား
ပထမဦးစွာ ဖွင့်လိုက်ပြီး ဖန်ကျင့်ယွမ်၏
ပန်ကာကို ကိုင်ကာ လှေကားပေါ်တက်ရန်ကြံနေသည်အား ရှေ့မှ ကာရပ်လိုက်ရင်း
ပြောလိုက်သည်။

!ကိုယ့် မင်းကို ကူညီပေးမယ်လေ!

ဖန်ကျင့်ယွမ်သည် ပန်ကာကို တစ်ဖက်မှ
ကိုင်ကာ တဖက်မှ လှေကားပေါ်သို့ တက်လိုက်ရင်း ပြတ်သားစွာ ငြင်းဆိုလိုက်သည်။

!မလိုဘူး!

ယွီဟိုင်ရန်သည် ထိုအချိန်တွင် သူ့လက်များကို ဆန့်ထုတ်လိုက်ရင်း ဖန်ကျင့်ယွမ်အား
နောက်မှ ဖက်လိုက်ပုံဖြင့် လက်ကိုဝိုင်းလျက် ပန်ကာအားလက်နှစ်ဖက်ဖြင့် ကိုင်ထား လာခဲ့သည်။လက်ရှိ အခြေအနေ၌ ဖန်ကျင့်ယွမ်သည်ရှေ့၌ ပန်ကာနောက်တွင် ယွီဟိုင်ရန်က
ရှိနေလျက် သူ့မှာမူ ယွီဟိုင်ရန်၏ရင်ခွင်တွင်းသိူ့ရောက်နေလျက် သူအပေါ်ထပ်သို့
မသွားရန် တားဆီးခံလိုက်ရလေသည်။

ဖန်ကျင့်ယွမ်သည် ပန်ကာအား အသေအချာပင် မလွှတ်တမ်းဆုပ်ကိုင်ထားလျက်
ယွီဟိုင်ရန်လက်မှ ရုန်းလိုက်ရင်း အပေါ်သို့ တက်သွားဖို့ကိုသာလုပ်လိုက်သည်။ ရုန်းရင်းဆန်ခတ် ဖြစ်နေချိန်အတွင်း ပန်ကာသည် လှေကား၏သတ္ထုလက်ကိုင်တန်းနှင့်
အမှတ်မထင်တိုက်မိသွားလျက် အသံအကျယ်ကြီး ထွက်သွားခဲ့လေသည်။

ဖန်ကျင့်ယွမ်သည် အံ့သြထိတ်လန့်သွားလျက် လှုပ်ရှားမှုများကို ရပ်တန့်လိုက်လေသည်။ယွီဟိုင်ရန်ကလည်း သူ့အား လွှတ်ပေးလိုက်သည်။

ခဏအကြာတွင် အခန်းတံခါးဖွင့်သံသည်
အပေါ်ထပ်မှ ထွက်ပေါ်လာခဲ့သည်။
ဖန်ကျင့်ယွမ်၏အမေသည် ဒုတိယ ထပ်မှ
အသံကျယ်ကျယ်ဖြင့် လှမ်းအော်မေးလာခဲ့သည်။

!ကျင့်ယွမ် အဲဒီမှာ ဘာလုပ်နေတာလဲ!

ဖန်ကျင့်ယွမ်က ခေါင်းအား အပေါ်ဖက်သို့
မြှောက်ကြည့်လိုက်ရင်း စိတ်လှုပ်ရှားနေလျက် ပြန်ပြောလိုက်သည် ။

!ဘာမှမလုပ်ဘူး ကျွန်တော့်အခန်းထဲက
ပန်ကာက ပျက်သွားလို့
ပန်ကာကို အောက်ထပ်ကို ယူလာတာ!

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now