EP29(U+Z)

2.9K 441 0
                                    

.EP29 မင်ကောက ခိုးကြည့်နေတယ် (U)

ရိုက်ကူးခြင်းသည် တကြိမ်ထဲဖြင့်ပြီးဆုံးချိန်၌
ဟယ်ကျန်းသည် ထိုအခန်းအား ပြန်ရိုက်မည်
မရိုက်မည်အား ဘာမှပြောမလာခဲ့။

ရှရှင်းချန်သည် ခေါင်းငုံ့နေလျက် ခါးအားအရှေ့သိူ့ကိုင်းထားနေရင်း ပခုံးပေါ်တွင် အနည်းငယ်ကြီးမားသည့် မျက်နှာသုတ်ပဝါ
ကြီးအား လွှမ်းထားလျက် အခန်း၏ထောင့်စွန်း နေရာတွင်ထိုင်နေလိုက်သည်။တကယ်တွင် စတူဒီယိုတွင်းရှိအပူချိန် သည် မြင့်တက်နေပြီး ချွေးများထွက်နေသောသူ့အတွက်ပဝါက မလိုအပ်ခဲ့။သို့သော် သူ့ပတ်ဝန်းကျင်သည် စိတ်ထဲ၌ တစ်ခုခု လစ်ဟာနေသလိုရှိနေခဲ့သည်မို့ သူ့ကိုယ်ပေါ်တွင် တစ်ခုခု လွှမ်းခြုံထားရန်လိုအပ်သည်ဟု ခံစားရသောကြောင့်ပင် ဖြစ်သည်။

သူသည် ယန်ရိုမင်ကို မျက်လုံးထောင့်စွန်းလေးမှ လှမ်းကြည့်လိုက်မိသည်။ယန်ရိုမင်သည် စကားတစ်ခွန်းမှမဆိုလျက် ဆိတ်ဆိတ်နေနေပြီး သူ့မျက်နှာပေါ်တွင်အသေးငယ်ဆုံးစိတ်လှုပ်ရှားမှုတစ်ခုတောင်ရှိမနေဘဲ
မတုန်မလှုပ်တည်ငြိမ်စွာထိုင်နေသည်ကိုတွေ့ရသည်ဖြစ်ပြီး ငေးငိုင်နေပုံလည်းရနေသည်။

ခန္ဓာကိုယ်၏တုံ့ပြန်မှုသည် တစ်ဦးတည်းကျန်ရစ်နေချိန်တွင် စိတ်နှလုံးသည် တဖြေးဖြေးပင် တည်ငြိမ် အေးဆေးလာခဲ့ပြီးနှလုံးသား၏လစ်ဟာမှုတစ်ခုတော့ ကျန်ရစ်ခဲ့မည်မှာ အသေချာပင်ဖြစ်လေသည်။အချိန်ဘယ်လောက်ကြာကြာ စိတ်အေးအောင်
အချိန်ပေးထိုင်စောင့်ခဲ့သည်မူ ယခင်ပုံစံအတိုင်း သွက်လက်စွာပြန်မဖြစ်လာသေးသည်က ရှိနေခဲ့သည်။

ဟယ်ကျန်းသည် အလင်းအမှောင်နှင့် ကင်မရာ အနေအထားတိူ့အား ရိုက်ကူးရမည့်
အခန်းအတွက် ချိန်ညှိနေခဲ့သည်။

ယခုနမှ ထွက်ခွာသွားသော အပြင်ဖက်မှ ဝန်ထမ်းများသည် ရိုက်ကူးရေးရှိရာသို့ပြန်ဝင်လာကြပြီး မိတ်ကပ်ပညာရှင်များသည်လည်း
ရှရှင်းချန်နှင့် ယန်ရိုမင်တိူ့အား မိတ်ကပ်ပြန်လည်စတင်လိမ်းခြယ်ပေးနေကြသည်။

ရိုက်ကူးရေး၏ဆက်တင်ပိုင်းဆိုင်ရာ
တာဝန်ရှိသူများသည် အခန်းနံရံပုံ ဘုတ်တစ်ခုအား ပတ်လည်ကာရန်၍ ပြုလုပ်ထားပြီး
အပေါ်မှ ကင်မရာ သာ ပင့်မြှင့်ထားရှိကာ
အတွင်း၌ ရိုက်ကူးခဲ့ခြင်းဖြစ်သည်မို့
ဆက်တင်ပိုင်းဆိုင်ရာ ပစ္စည်းများကိုလည်း
သယ်ဆောင်နေကြသည်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now