EP28(Z+U)

2.8K 451 5
                                    

.Ep28 ဖန်ကျင့်ယွမ်၏ရုန်းကန်မှု (Z)

ဆေးရုံ၏မှောင်မိုက်နေမှုနှင့်အတူ
ပျက်စီးယိုယွင်းနေသည်ဟု ဆိုရမည်ဖြစ်သောအိမ်သာများသည် ၎င်း၏ကျဉ်းမြောင်းသော အခန်းငယ်များနှင့်
သန့်စင်ဆေးကြောထားသော ပိုးသတ်ဆေးနံ့များ
ထွက်နေသော တံခါးများ ဖြင့်နေရာသည်
သန့်ရှင်းနေသော်လည်း သင့်တင့်လျောက်ပတ်သော
နေရာတစ်ခုတော့မဟုတ်ခဲ့ဘဲ မှောင်မိုက်နေမှုကြောင့်
လူတို့၏ရိုင်းစိုင်းသော စိတ်ကူးယဉ်
အတွေးများအား ပျောက်ကွယ်သွားမည့်နေရာမဟုတ်
သည်ကိုမူပြောစရာပင်လိုမနေခဲ့။သို့သော် ယခုအချိန်တွင်
ယွီဟိုင်ရန်နှင့်ဖန်ကျင့်ယွမ် လိုအပ်သောအရာမှာ
ပုံမှန်ပတ်ဝန်းကျင်တစ်ခုမဟုတ်ဘဲသူတို့နှစ်ဦး၏ချစ်စိတ်များအား မည်သည့်အနှောင့်အယှက်မှမရှိဘဲ စိတ်ပူမနေရဘဲသီးခြားဖြစ်စေမည့် ညှိနှိုင်းစရာမလိုသော
နေရာတစ်ခုဖြစ်နေသောကြောင့်ဖြစ်လေသည်။

ရိုက်ကူးရေးမစမီ ရှရှင်းချန်သည် ယန်ရိုမင် ရှေ့တွင်ရပ်ကာ သစ်သားတံခါးကို မှီထားခဲ့သည်။ကင်မရာသည် သူ့၏ဘယ်ဖက်တွင် ရှိပြီး သူတို့နှစ်ယောက်နှင့်အလွန်ပင်နီးကပ်လျက်ရှိနေသည်။

ထိုကဲ့သို့ အနီးကပ်ရိုက်ခြင်းသည် ပိုင်းကန့်ထားသော
အခန်းငယ်၏တကယ့်နံရံတစ်ခုကဲ့သို့ ဖြစ်နေပြီး
ပြောမပြတတ်သော ပတ်ဝန်းကျင်တစ်ခု၏ဖိအားကို
ခံစားနေရသကဲ့သို့ရှိနေသည်။

ရှရှင်းချန်သည် ယန်ရိုမင်၏မျက်လုံးများကို
တိုက်ရိုက် ကြည့်လိုက်ပြီး သူ၏ဇာတ်ကောင်စရိုက်ထဲသို့ စိတ်နှစ်ဝင်နိုင်ရန်ခက်ခဲစွာကြိုးစားလိုက်သည်။

ယန်ရိုမင်သည် သူ့အား ခေါင်းအနည်းငယ်ငုံ့ကာကြည့်လာလျက်လက်ကိုမြှောက်ကာ ညင်ညင်သာသာပင်
ရှရှင်းချန်၏မျက်နှာနှင့်နားရွက်လေးများကို ပွတ်သပ်လာသည်။သူတို့နှစ်ဦးကြားအကွာအဝေးသည်အရမ်းပင်နီး
ကပ်လွန်းနေလျက်တစ်ဦး၏အသက်ရှုသံအားတစ်ဦး
ကပင်ကြားနေရလျက်ရှိနေသည်။

ရှရှင်းချန်သည် အနည်းငယ် စိတ်လှုပ်ရှားစွာခံစားနေရ
လျက် ထိုကြောက်ရွံ့မှုက သူ့အား
ဖန်ကျင့်ယွမ်၏စိတ်အတွင်းသို့ ကျရောက်သွားဖို့ရန်
များစွာခက်ခဲနေခဲ့သည်။သူသည် ချစ်စိတ်ပြင်းပြသော
ဇာတ်ဝင်ခန်းတွင်လုံးဝအစစ်အမှန်ပင် နစ်မြုပ်သွားပြီး
ကင်မရာတွင်ပေါ်လာမည့် သူ့စိတ်ခံစားမှုများအား
လူအများက ကြည့်ရှုနေမည်ဟူသော စိတ်က သူ့ကို
ခြောက်လှန့်နေလျက်ရှိနေခဲ့ရသည်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now