EP144(Extra3.1)(Z)

677 38 0
                                    

....

Zawgyi

ဆောင်းယန်ယန် ၏ဆွန်းဟန်ABO fanfic

ဟန်ပေါ်ဟန့်နိုးလာတဲ့အခါ ,သူ့လက်နှင့်ခြေများက
ချည်နှောင်ထားခြင်းခံရကြောင်းတွေ့လိုက်ရသည်။တစ်စုံတစ်ဦးက သူ့မျက်လုံးများအား ပိတ်ဆို့စည်းနှောင်ထား
လျက် ရှိနေတာမို့ သူမျက်လုံးဖွင့်လိုက်တဲ့အခါဘာကို
မှမမြင်ရဘူးဖြစ်နေခဲ့သည်။သူ၏ပတ်ဝန်းကျင်က ဆိတ်ညံနေလျက်အမှောင်ထုကသာကြီးစိုးနေလျက်ရှိနေလျက်ဒါကပုံမှန်မဟုတ်တဲ့ တိတ်ဆိတ်ခြင်းတစ်ခုဖြစ်နေခဲ့သည်။သူအခုဘယ်နေရာရောက်နေလဲဆိုတာကိုတောင်သူမသိဘူးဖြစ်နေသည်။စကားသံဟူသည်လည်းမရှိ၊ကားသံ
လည်းမရှိဖြစ်နေသည်။အချိန်တစ်ခုကြာမြင့်ပြီးနောက်
ခွေးဟောင်သံတစ်သံတည်းကိုသာသူကြားခဲ့ရသည်။

သူခေါင်းကိုမော့လိုက်သည့်အခါ လှုပ်ရှားရန်ကိုပင်ခက်
ခဲနေခဲ့သည်။ထို့ကြောင့် သူနည်းနည်းပင် အပြင်းအထန်
ရုန်းကန်မိလိုက်သည်။သူ အေးဆေးတည်ငြိမ်စွာဖြင့် အခြေအနေကို စူးစမ်းလိုက်မိသည်။

!ဒီမှာ ဘယ်သူမှမရှိကြဘူးလား ?!

သူ့ကိုဘယ်သူမှလည်းပြန်မဖြေကြဘူး။

ဟန်ပေါ်ဟန်၏နှာခေါင်းဆီသို့ လေထုထဲမှ အနံ့တချို့က တိုးဝင်လာခဲ့ပြီး လီမွန်အနံ့လည်းဖြစ်နိုင်သကဲ့သို့
ကြာပန်းရွက်အနံ့လေးကဲ့သို့တည်ငြိမ်အေးချမ်းတဲ့
အနံ့တစ်ခုအားရနေခဲ့သည်။သူအစပြုပြီး စူးစမ်းကာအနံ့ခံ
ကြည့်လိုက်တဲ့အခါသူ့ ခန္ဓာကိုယ်က မမျှော်လင့်ဘဲတုန်
ယင်လာလျက် သူ့ ခန္ဓာကိုယ်အားစုပ်ယူနေသကဲ့သို့ပင်ခံစားမိနေသည်။သူ ချက်ခြင်းကိုဘဲ ဒါက အယ်ဖာရဲ့ပရိုမုန်းအနံ့ဆိုတာကို သဘောပေါက်လိုက်သည်။

အစပိုင်းကနဦး၌ ထိုရနံ့သည်ကနူးညံ့သိမ်မွေ့သည်။မိနစ်အနည်းငယ်အကြာတွင် ,တဖြေးဖြေးဖြင့်ပင် ဟန်ပေါ်ဟန် ၏ပတ် ဝန်းကျင်၌ ဝန်းရံပိတ်ဆို့ကာထူထပ် အုံ့ဆိုင်းလာခဲ့သည်။ဟန်ပေါ်ဟန့်ချွေးများထွက်လာလျက် သူ့ မျက်ခုံးပေါ်မှချွေးများက ပုတီးစေ့အရွယ်ခန့်ပင် တပေါက်ပေါက်နှင့်စီးကျလာခဲ့သည်။ထို ပရိုမုန်းရဲ့ တင်းကြပ်မှုကြောင့် သူ၏တုန်လှုပ်ခြင်းများက ပို၍ပင်
ပြင်းထန်လာခဲ့သည်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now