EP135(Part1)(U+Z)

3.2K 339 36
                                    

.....

Uni

EP135 လက်ထပ်ခွင့်လက်စွပ်လေး(U)

ကားမြစ်ထဲသို့ ကျသွားတဲ့အခန်းက ယန်ရိုမင်
နဲ့ ရှရှင်းချန်တို့ အတူရိုက်ကူးသည့် နောက်ဆုံး
အခန်းပင်ဖြစ်သည်။ဆွန်းယောင်ကဟန်ပေါ်ဟန့်ကိုရေထဲမှကယ်တင်ခြင်းကသူတို့ရဲ့
နောက်ဆုံးရိုက်ကူးချက်ဖြစ်သည်။

ဒီရိုက်ချက်ပြီးစီးပါကသူတို့ရဲ့ ရိုက်ကူးရေး
အခန်းများအားလုံးပြီးစီးသွားမည်ပင်
ဖြစ်သည်။

ရိုက်ကူးရေးလုပ်တဲ့နေရာကကျေးလက်
ဒေသတွင်ရှိသည့်မြစ်တစ်စင်းတွင်ဖြစ်
သည်။သူတို့ရိုက်ကူးချိန်ကနွေရာသီ
ဖြစ်နေခဲ့သော်လည်းညသန်းခေါင်အချိန်
ရိုက်ကူးရခြင်းဖြစ်တာမို့ မြစ်တွင်းရှိ
ရေရဲ့အေးစိမ့်မှုကအရိုးခိုက်အောင်ပင်
စိမ့်ဝင်ကာအေးစက်စေလျက်ရှိနေသည်။

ရေမျက်နှာပြင်တွင်လင်းချင်းနေသော်
လည်းအောက်ခြေ၌မူအမှောင်ထုက
ကြီးစိုးလျက်ရှိနေချေသည်။ယန်ရိုမင်
ရှရှင်းချန်အားမဆွဲထုတ်ခင်မှာဘဲ
ရေအရင်ငုပ်နေလိုက်သည်။ရေစီးကြောင်း
က ကြမ်းတမ်းမှုမရှိဘဲ ညင်သာနေလျက်
အန္တရာယ်ဖြစ်နိုင်ချေမရှိနိုင်သော်လည်း
ဝန်ထမ်းအဖွဲ့သားများအားလုံးက
စိုးရိမ်စိတ်ပူမြဲရှိနေခဲ့ကြသည်။

ကံကောင်းထောက်မစွာပင် ,
ယန်ရိုမင်နှင့်ရှရှင်းချန်တို့ နှစ်ဦးစလုံးက
ရေကူးကျွမ်းကျင်သူများဖြစ်နေကြ၏။

ရိုက်ကူးမည့်နေရာအတွက်သူတို့ရွေးချယ်သောမြစ်သည်ကနက်ရှိုင်းမှုမရှိတဲ့နေရာ
တွင်ဖြစ်သည်။ယန်ရိုမင်နဲ့ ရှရှင်းချန်တို့
ရိုက်ကူးမည့်နေရာသို့သွားရန်ကိုတောင်
ပင်နုန်းမြေများရှိနေသည်မို့ခြေထောက်
ဖြင့်ပင်နင်း၍သွားလို့ရနေခဲ့သည်။ကား
ခေါင်မိုးတစ်ခုအားမြစ်ဘေးနားတွင်
ထားရှိကာချထားစေတာမို့ ၎င်းရဲ့ပုံစံအရ
ကားတစ်စီးလုံးနစ်မြုပ်နေသည့်ပုံသဏ္ဌာန်
ကို တွေ့နေရမည်သာဖြစ်သည်။

ပထမဆုံးရိုက်ချက်က အချိန်ကြာရှည်တဲ့
ရိုက်ကူးရေးတစ်ခုဖြစ်သည်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now