EP17(U+Z)

2.9K 489 11
                                    

.ရှရှင်းချန်သည် ဝမ်းနည်းသလို ခံစားနေခဲ့ရသည်။

သူသည် နောက်ပိုင်းတွင်ရိုက်ကူးမှုကို ချောချောမွေ့မွေ့ အောင်မြင်ခဲ့သော်လည်း အနည်းဆုံးဟယ်ကျန်းသည် သူ့အား
လက်ရှိတွင် စိတ်ကျေနပ်မှုရှိနေခဲ့သော်လည်း
ဖန်ကျင့်ယွမ်နှင့် သက်ဆိုင်သည့်အရာများသည် သူ၏စိတ်ထဲတွင် ခံစားချက်များစွာကျန်ရှိနေခဲ့သည်။ထို့အတူ ဖန်ကျင့်ယွမ်မှ
ယွီဟိုင်ရန်အပေါ်ထားသောစိတ်များသည်
လည်း ရောထွေးပွေလီလျက်ရှိနေခဲ့လေသည်။

ဒီနေ့ ရိုက်ကူးရေးသည် အရမ်းပင်နောက်ကျ
လေသည်။ရေအမြန်ပင်ချိုးပြီးနောက်
သူသည် တကိုယ်လုံးအားစောင်ဖြင့်ပတ်ထားရင်း အိပ်ရာပေါ်တွင်ထိုင်လျက် ငိုက်မြည်းနေခဲ့သည်။

ဟယ်ကျန်းက သူနှင့် ဖန်ကျင့်ယွမ်သည်
တစ်ပုံစံထဲတူညီလှသည်ဟု ပြောခဲ့သည်
သိူ့သော် သူတို့နှစ်ယောက်သည် ဘယ်အရာတွင်တူညီနေသည်ကိုမူ သူမသိခြင်းဖြစ်သည်။

ဖန်ကျင့်ယွမ်သည် အမြဲတစေ တိတ်ဆိတ်စွာ နေတတ်သူဖြစ်ပြီး သူ၏စိတ်ခံစားမှုများအားအပြင်သိူ့ထုတ်မပြတတ်သူဖြစ်ပြီး
အရာအားလုံးကို ပင် သူ၏နှလုံးသားထဲမှာသာသိမ်းဆည်းသိုဝှက်ကာ တိုးတိတ်စွာ
ခံစားတတ်သူပင်ဖြစ်သည်။

သူသည် အခန်းများတွင် ပိုပိုပြီးပါဝင်သရုပ်ဆောင်လာရသည်နှင့်အမျှ သူသည်
မလွဲဧကန်ပင် ပိုမို တိတ်ဆိတ်ငြိမ်သက်လာခဲ့ပြီး ယခုတွင်လည်း အိပ်ရာပေါ်တွင်သာထိုင်နေလျက် မလှုပ်မယှက်နှင့်ပင် ရှိနေခဲ့လေသည်။သူ၏အတွေးများထဲတွင် ယန်ရိုမင် ၏
ယနေ့ ရိုက်ကွင်း ပုံရိပ်များသာရှိနေခဲ့ရင်း
ယန်ရိုမင်ကိုသာ စိတ်စွဲလျက်ရှိနေခဲ့လေသည်။

ဖန်ကျင့်ယွမ်သည်လည်း ယခုသူလိုဘဲခံစားနေခဲ့ရမည်ဟု သူတွေးနေမိသည်။ထိုပုံရိပ်များနှင့် ထိုသူ၏သူ့အပေါ်ပြောခဲ့သော
စကားများသည် သူခေါင်းထဲတွင်
ထပ်တလဲလဲပေါ်နေခဲ့ရင်း သူ့နှလုံးသားထဲတွင်ပင် ပြန်၍ ထုတ်ယူမရအောင် အမြစ်တွယ်လာခဲ့ပြီ ဖြစ်လေသည်။သူသည်
ရုတ်တရက် ပင် ဖန်ကျင့်ယွမ် အတွက်ရော
သူ့ကိုယ်တိုင်အတွက်ပါ ကြောက်လန့်မှုကို
ခံစားလိုက်ရသည်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Unde poveștirile trăiesc. Descoperă acum