EP51(U+Z)

3.1K 448 10
                                    


...Uni

Ep 51ပျောက်ဆုံးနေခဲ့သော နှလုံးသား (U)

ချန်းဟိုင်လန်ရဲ့ မဂ်လာပွဲနေ့တွင် ချိုက်မိုင်တင်း ၏အစီအစဥ် အတိုင်း ရှရှင်းချန်သည် ယော့ရူ၏stylistကိုငှားရမ်းထားခဲ့သည်။

ရှရှင်းချန်၏ပုံမှန်စတိုင်နဲ့ မတူဘဲ ဒီနေ့ရဲ့ ပုံစံက တမူ ခွဲထွက်လျက်ရှိနေခဲ့သည်။စတိုင်လစ်က သူ့ ဆံပင်အား အညိုရောင်ပြေပြေလေးပြောင်းပေးလိုက်ပြီးလှိုင်းတွန့်အနည်းငယ်လေးလုပ်ပေးထားခဲ့သည်။
ငွေရောင်ပြေးမျက်မှန်အားတပ်စေလျက်
အကျီကိုမူပန်းရောင်ကြာပန်းလေးများ ဖြင့်အရိပ်ခံထားသော  fitting ရှပ်နှင့်အတူ ဘောင်းဘီရှည် အညိုရောင်ကို ဝတ်ဆင်စေလျက်ဖြူဝင်းသော အသားအရည် နှင့်လိုက်လျောညီထွေလျက်အလွန်ပြောင်းလဲစွာ ချောမောနေခဲ့သည်။

ချိုက်မိုင်တင်းက သူ့ကိုမြင်သောအခါ
ပြောလာခဲ့သည်။

!မဆိုးဘူး ၊မင်းမျက်မှန်တပ်ထားတာကို
တွေ့ရတာ ဒါ ပထမဆုံးအကြိမ်ဘဲ ၊အတော်
ပြောင်းလဲပြီး စိတ်ဝင်စားဖို့ကောင်းတယ်!

ရှရှင်းချန် မှန်ထဲမှ သူ့ပုံအား ပြန်ကြည့်နေမိသည်။သူ့ဘေးမှ ယော့ရူ က ပြောလာသည်။

!ရှောင်ရှက တော်တော် ချောတာဘဲ ၊
သူ့ မျက်နှာလေးက လိုသလို ပုံပြောင်းပေးလိူ့ရတယ်၊နောင် အနာဂတ်မှာ
ဘယ် ဇာတ်ကောင် ပုံစံမျိုးကို မဆို
challenge လုပ်လို့ရတယ် !

ချိုက်မိုင်တင်းက ယော့ရူကို ပြောလိုက်သည်။

!သူ့ကို နောက်တခါကျ  ပုံစံမတူ တဲ့ ဇာတ်ကောင်တစ်ခုကို ရအောင်
ရိုက်ခိုင်းဖို့ရှာပေးရမယ်!

ဆောင်းရာသီ ရောက်နေပြီ ဖြစ်သော်လည်း
ချန်းဟိုင်လန်၏ မဂ်လာပွဲကျင်းပသည့် ကျွန်းသည် အပူပိုင်းဒေသတွင်တည်ရှိသောကြောင့်
နေရာင်က မူ တောက်ပလျက်ရှိနေပြီးရာသီဥတုက အနည်းငယ်ပူလောင်လျက်ရှိနေခဲ့သည်။

ထိုအချိန်တွင် ချန်းဟိုင်လန်က ဧည့်သည်များ တည်းခိုရန်အတွက် ကျွန်းပေါ်ရှိ ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ်အား ကြိုတင်မှာယူခဲ့ပြီး
မဂ်လာဆောင်ကို ဟိုတယ်ရှေ့ရှိ သီးသန့် ကမ်းခြေတွင် ပြုလုပ်ခဲ့သည်။အထပ်မြင့် အဆောက်အအုံအပြင် ပုံမှန်ထက် ကြီးသော ရေကူးကန်ကြီးတစ်ခု ပါပါဝင်လျက်
ရေကူးကန်အနီးတွင် မိသားစု တည်းခိုနိုင်သော သီးသန့် villa  ခုနှစ်လုံး သို့ ရှစ်လုံးပါပါ ဝင်ခဲ့သည်။ညနေဖက်တွင်လည်း ဘူဖေးညစာစားပွဲကိုပါ တည်ခင်းဧည့်ခံမည် ဖြစ်သည်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Onde histórias criam vida. Descubra agora