EP104(U+Z)(Part1+2)

3.3K 425 19
                                    

...

Uni
Ep104မင်ကောချစ်တယ်လို့ပြောခဲ့တဲ့ သူ နောက် တယောက် (U)

ရှရှင်းချန် တနေ့တာလုံး ဗီဒီယိုအား ဖွင့်ကြည့်ရန် သု့အာရုံကမူ ပျံ့လွင့်နေလျက်ရှိနေခဲ့တယ်။သူက အရောင်းမြှင့်တင်ရေး ပိုစတာအား ကြည့်ဖို့ရာကိုတောင်များစွာရှက်ရွံ့နေဆဲ ဖြစ်နေခဲ့တယ်။ယွီဟိုင်ရန်က မျက်ရည်များ စီးကျနေသော ဖန်ကျင့်ယွမ် မျက်နှာလေးအား သူ့ လက်ဝါးလေးနှစ်ဖက်ဖြင့် ပွေ့ထားလျက်သူတို့နှစ်ဦးက တစ်ဦးနှင့် တစ်ဦး ဝမ်းနည်းပူဆွေးစွာကြည့်နေကြပုံလေးအား ပိုစတာ၌ အသုံးပြုထားခြင်းပင်ဖြစ်တယ်။

အခြားသူများအတွက်တွင်မူ ရုပ်ရှင်ကားတစ်ခုထက်မပို ခဲ့။သို့သော် ရှရှင်းချန် အတွက်မှာမူ အခန်းတိုင်း က သူနဲ့ ယန်ရိုမင်တို့ နှစ်ယောက်အကြား ချစ်ခြင်း မေတ္တာအစစ်အမှန်များ ဖြင့် ခံစားမွေးဖွားကာ ရိုက်ကူးခဲ့ရခြင်း ပင်။

သူတို့ နှစ်ဦးရဲ့ တိုတောင်းသော်လည်း ချိုမြသောအားလပ်ရက်လေးက တရားဝင် ပြီးဆုံးဖို့ရာ နီးကပ်လာခဲ့ပြီ ဖြစ်ပြီး ရှရှင်းချန် နဲ့
ယန်ရိုမင် တနေ့ခြား ဆီ ပေကျင်းဆီသို့ ပြန်လာခဲ့ကြတယ်။

ရှရှင်းချန်ရဲ့ ခရီးစဥ် အား ပရိတ်သတ်များ ထံသို့ အသိပေး အကြောင်းကြားထားခြင်းမရှိခဲ့သော်လည်း များစွာသော ပရိသတ် မိန်းကလေးငယ်များက လေဆိပ်၌ ကြိုတင်ရောက်ရှိနေသည်အား သူတွေ့လိုက်ရပြီး
အနည်းငယ် ရုတ်ရုတ်သဲသဲ ဖြစ်နေတာကိုလည်း သူတွေ့နေရလျက်ရှိနေခဲ့တယ်။

သူက Gradual Distance ရိုက်ကူး ပြီးစဥ်ထဲကသူ ရဲ့ ပေါ်ပြူလာဖြစ်မှုက ယခင်ထက်ပင် တဟုန်ထိုး ထိုးတက်လာခဲ့တာမို့ ယခုမူ ဇာတ်ကား trailerထွက်လာသောအခါ သူ့အောင်မြင်မှုက မီးတောင်တစ်ခုကဲ့သို့ တမုဟုတ်ချင်း ပင် ပေါက်ကွဲ ထွက်လာခဲ့ရတယ်။

မိန်းကလေးငယ်အများစုသည်က ရုပ်ရှင်ကိုပင် မကြည့်ရသေးသော်လည်း နမူနာ ကြော်ငြာတွင်ပါဝင်လာခဲ့သော ယန်ရိုမင်နဲ့ ဟယ်ကျန်းတို့ရဲ့ အမည် များကြောင့် အလွန်ကြီးမားသော မျှော်လင့်ချက်ပေါင်းများစွာ
ဖြင့် ငယ်ရွယ်ချောမောသော သရုပ်ဆောင်သစ် ရှရှင်းချန် အပေါ် များစွာ ပို၍ အာရုံစိုက်လာခဲ့ခြင်းပင်ဖြစ်တယ်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now