EP76(U+Z)

3.4K 467 13
                                    

..

Uni
EP76 မင်ကောက ကတိပေးတယ်(U)

ရှရှင်းချန် နဲ့ ယန်ရိုမင်တို့ ကားထဲမဝင်ခင်
ချန်းဟိုင်လန် က ကားတံခါးနားမှာရပ်ကာ ပြောလာသည်။

!ရွှယ်ယွဲ့ နိုးလာမှဘဲ ငါသူ့ကို ခေါ်ပြီး
တောင်အောက်ကို ဆင်းတော့မယ် !

ယန်ရိုမင် ခေါင်းညိတ်ပြသည်။

ချန်းဟိုင်လန်က ရှရှင်းချန်ကို ထပ်မံ၍ ကြည့်လာပြီး ခေါ်လိုက်သည်။

!ရှင်းချန် !

ရှရှင်းချန် သူ့ကို ကြည့်ကာ ထပ်ပြောလာမည့်စကားအား စောင့်နေခဲ့သည်။

မျက်နှာပေါ်မှ အပြုံးတစ်ခုဖြင့် အနည်းငယ် တုံ့ဆိုင်းနေပြီးမှ ချန်းဟိုင်လန် ပြောလာသည်။

!မင်းရဲ့ နောက် ရုပ်ရှင်အသစ်ကို
ငါမျှော်နေမယ် နော် !

ရှရှင်းချန် ပြန်ဖြေလိုက်သည်။

!ကျေးဇူးတင်ပါတယ် လန်ကော !

ပြီးနောက် ချန်းဟိုင်လန်က ယန်ရိုမင့်အား ထပ်မံ၍ ပွေ့ဖက်ပြီး ပြောလာသည်။

!ငါတို့ပြန်ရောက်မှ အတူတူ နောက်တစ်ခေါက် ထပ်ဆုံကြတာပေါ့ !

ရမ့်ယွီချန်းက ကားအပြင်ဖက်တွင်ရပ်နေပြီး
သူ့တို့အား ပြုံးကာ လက်ပြနှုတ်ဆက်ပြီး

!လမ်းခရီး မှာ ဂရုစိုက်ကြ!

ရမ့်ယွီချန်းနားရှိ လင်ကျားယွဲ့၏မျက်နှာက မှိုင်းညို့ နေလျက် လက်ရှိအနေအထားသို့ သတိပြန်ဝင်လာပြီးနောက်ပြောလာသည်။

!မင်ကော ဂရုစိုက်ပါ၊ရှင်းကော ဂရုစိုက်ပါ!

ထို့နောက် ချန်းဟိုင်လန်က သူတို့အား ကားတံခါး ကူပိတ်ပေးပြီး ပြတင်းပေါက်ကနေအောက်ပြောလာခဲ့သည်။

!အမြန်သွားကြတော့ ၊မင်းတို့တွေလေယာဥ်
မလွတ်စေနဲ့ နော် !

ကားကတဖြေးဖြေး ခြံဝင်းအတွင်းမှ ထွက်လာပြီးနောက် တောင်ပေါ်လမ်းတစ်လျှောက် ဆင်းကာ လာရာလမ်းအတိုင်း ပြန်၍ ထွက်ခွာလာခဲ့သည်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now