EP54(U+Z)

3.2K 480 1
                                    

..Uni

EP54 မင်ကော နဲ့အတူ တစ်ညတာ (U)

ရှရှင်းချန် ရေရိုးရိုးသာချိုးနေလိုက်သည်။
အပူချိန်နဲ့ အစိုဓာတ်က သူ့ ခန္ဓာကိုယ်ရှိ အရက်အရှိန်အား အငွေ့ပျံပျောက်ကွယ်သွားစေပြီး သူ့အစာအိမ်မှာ အစာမရှိတော့သောကြောင့်ဟောင်းလောင်းဖြစ်နေလျက်
ဗိုက်ဆာသောကြောင့်တုန်လှုပ်လာခဲ့သည်။

သူ ရေချိုးကန်ထဲမှ ထွက်လိုက်ကာ
အဝတ်ချိတ်တွင်ချိတ်ထားသော bathrobe ကို ဆွဲယူကာ ဝတ်လိုက်သည်။ထိုအချိန် ရုတ်တရက်  သူ အတွင်းခံအဝတ်မှာ အပိုလဲစရာမရှိကြောင်း သတိရသွားသည်။

သူခုနက ချွတ်ပြီး စုပုံထားသော အဝတ်ပုံဆီ လျှောက်သွားကာ သူ့ အတွင်းခံအား ကောက်ယူလိုက်သည်။သူတွေ့လိုက်ရသည်က အတွင်းခံက လုံးဝကို ရွဲရွှဲစိုနေသည်။
သူ့ ခန္ဓာကိုယ်ပေါ်ရှိ အတွင်းခံစိုစို အားဝတ်ရသည့် ခံစားမှုက သူ့အတွက် မသက်မသာ
ဖြစ်စေသည်မို့နောက်ဆုံး၌ bathrobeဝတ်လျက်ပင်အကျီ အနားစအား တင်းတင်းပင်
ဆုပ်ကိုင်လျက် ရေချိုးခန်းထဲမှ ထွက်လာခဲ့လိုက်သည်။

ရေချိုးခန်းမှအထွက်villaထဲသို့ ကတိုက်ကရိုက် ပြေးဝင်ပြီးကြည့်လိုက်ရာ
ရှရှင်းချန်  villa၏အတွင်းပိုင်းက အကျယ်ဝန်းကြီးဟုတ်မနေကြောင်း သူတွေ့လိုက်ရသည်။ပထမထပ်မှာ ဧည့်ခန်းကျယ်ကြီးတစ်ခုဖြစ်ပြီး ဒုတိယထပ်မှာအိပ်ခန်းပုံစံ ဖွင့်ထားပြီး နှစ်ယောက်အိပ် ကုတင်တစ်ခုရှိသည်ကိုတော့ အခန်းဖွဲ့ထားပုံအရ သူသိသည်။

ထိုအချိန်တွင် ယန်ရိုမင်က ပထမထပ် ဧည့်ခန်းရှိဆိုဖာပေါ်တွင် ထိုင်နေသည်အားတွေ့လိုက်ရသည်။သူ့မျက်နှာက တစ်ခုခုအား စိတ်ခံစားမှုကင်းမဲ့လျက်စိတ်ဓာတ်ကျနေပုံလည်းရှိနေခဲ့သည်။အခန်းရှိ ပြင်သစ်တံခါးအား ကျယ်ကျယ်ဖွင့်ဟထားပြီးနောက်
အောက်တံခါးများကိုတော့ အကုန်
ပြန်ပိတ်လိုက်သည်။

ရှရှင်းချန် အအေးထဲတွင် ဘာကြောင့်ရေကူးခဲ့မိမှန်းတောင် သူ့ကိုယ်သူ တွေးနေခဲ့သည်။
သိူ့သော် သူအရက်ကြောင့်မူးနေသော အနေအထားနှင့် နှိုင်းယှဥ်ကြည့်ပါက ယခုအနေအထားမှာ လဲကျခြင်းမရှိသော်လည်း
များစွာ အနည်းငယ် ဆိုးရွားနေသေးသလိုရှိနေခဲ့ရသည်။သူ အခန်းထဲသို့ လျှောက်လာပြီးယန်ရိုမင့် အရှေ့ဘက်ရှိ ဆိုဖာအနီး
မတ်တပ်ရပ်နေရင်း နူးညံ့စွာ ခေါ် လိုက်သည်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)जहाँ कहानियाँ रहती हैं। अभी खोजें