EP35(U+Z)

3.1K 456 9
                                    

.Ep35 မင်ကော ဘာဖြစ်သွားတာလဲ ?(U)

ယခုဆက်၍ ရိုက်ကူးရမည်က
ခုနဇာတ်ဝင်ခန်း၏အဆက်ပင်ဖြစ်သည်။

ရှရှင်းချန် အတွင်းခံအား ပြန်ဝတ်ကာ
သူ့ ခန္ဓာကိုယ်အား bathrobeတထည်ဝတ်ဆင်လဲလှယ်လိုက်သည်။မိတ်ကပ်ပညာရှင်က ဆံပင်များအား dryerဖြင့်မှုတ်ပေးနေခဲ့သည်။တဝက်မျှ ခြောက်သွားရုံနှင့်လုံလောက်သည်ဖြစ်ပြီး အခန်းဆက်အား
ဆက်၍ ရိုက်ကူးရမည် ဖြစ်သောကြောင့်ဖြစ်သည်။

ယန်ရိုမင်သည်လည်း သူ၏စိုစွတ်နေသော အဝတ်များအား bathrobe တထည်ဖြင့်
လဲလှယ်ဝတ်လိုက်သည်။သူ့ ဆံပင်များသည်လည်း ထိုနည်းတူ အခြောက်ခံနေရင်း
လိုအပ်သည်များကို ပြင်ဆင်နေခဲ့သည်။
ယခုရိုက်မည့်အဆက်က ဖန်ကျင့်ယွမ်နှင့်
ယွီဟိုင်ရန်တို့၏ real sex scene ဖြစ်သည်။

ရိုက်ကူးရေးမတိုင်ခင် ဟယ်ကျန်းသည်
အိပ်ရာနားရှိ ခုံပေါ်တွင် ထိုင်နေရင်း
ယန်ရိုမင်နဲ့ ရှရှင်းချန်အား ပြောလာသည်။

!ရိုက်ဖို့ အတွက် ကို
အာရုံစိုက်ပေးတော့ နော် ခဏနေစမယ် !

ရှရှင်းချန် ခုတင်ခေါင်းရင်းနားတွင်ထိုင်နေရင်း ဟယ်ကျန်းအား သေချာပင်ကြည့်လိုက်သည်။သို့သော် ထိုအချိန် ယန်ရိုမင်သည်
ခေါင်းကြီးငုံ့နေလျက် ရှိနေရင်း
သူသည်လည်း ထို့ကြောင့်ပင် ယန်ရိုမင့်ဖက်ကို ထပ်မကြည့်လိုက်တော့ဘဲရှိနေသည်။

ယန်ရိုမင်သည် အိပ်ရာ၏ခြေရင်း အစွန်းနား
ရှရှင်းချန်နှင့် ခပ်ဝေးဝေးတွင်ထိုင်နေခဲ့သည်။
ခြေထောက်များအား အောက်သို့ ဆန့်ချထားရင် လက်အားကွေးကာ ရင်ဘတ်အနီးရောက်အောင်ထောက်လျက် ထိုင်နေခဲ့သည်။သူ ခဏခဏ ပြန်ကြားနေရတာက
ဟယ်ကျန်းပြောသော ရိုက်ကူးရေးကို
အာရုံစိုက်ပါဟူသောစကားပင်ဖြစ်သည်။

ဟယ်ကျန်းက စီးကရက်အားမီးညှိရင်း
တချက်မျှ ကြာအောင် ရှိူက်ယူပြီး များစွာသော မီးခိုးများကို လွှင့်ထုတ်ရင်း
တဆက်တည်း သူ့အားပြောလာသည်။

!ယန်ရိုမင် မင်းက ရုပ်ရှင်တွေအများကြီး
ရိုက်ခဲ့ဖူးတယ်လေ။ ဒီလို အိပ်ရာပေါ်က
ဇာတ်ဝင်ခန်း တစ်ခုကို ဘယ်လိူ ကောင်းအောင် သရုပ်ဆောင်ရမလဲ မင်းသိမှာပါ ။
ငါမင်းကို သင်ပေးစရာမလိုဘူးထင်တယ်
ခုက မင်းက ဘာဖြစ်နေတာလဲ !

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now