EP11(Z)

883 72 0
                                    

.ရိုက်ကူးရေး ပြန်စတင်ခဲ့သည်။

ရှရှင်းချန်သည် အနည်းငယ် ပြေနေသာ
ပစ္စည်းများပတ်ချာလည် ဝိုင်းလျက်ရှိနေသည့်
ကျဉ်းမြောင်းသောကုန်စုံဆိုင်ကောင်တာတွင် ပြန်ထိုင်နေလိုက်သည်။သူသည် ကောင်တာပေါ်ရှိ စာအုပ်အား
ငုံ့ကြည့်နေသော်လည်း အတွေးထဲတွင်မူ
ငါက အသက် 18နှစ်ရှိပြီ ဖြစ်တဲ့
ဖန်ကျင့်ယွမ် .ငါ့မိသားစုမှာကုန်စုံဆိုင်
တစ်ခုရှိတယ်နွရောသီ နေ့လည်ခင်းမှာ
အမေ့ရဲ့ဆိုင်ကို ကူညီဖို့ ငါက ကောင်တာမှာ
ထိုင်လေ့ရှိတယ်!ဟု တွေးနေလိုက်သည်။

သူ့ စိတ်များသည် အေးဆေးလာခဲ့သည်။

သူ့ရှေ့သို့ အရိပ်တစ်ခုကျလာခဲ့သဖြင့်
ခေါင်းမော့ကြည့်လိုက်ရာ
ယန်ရိုမင်က သူ့အမြင်အာရုံတစ်ခုလုံးအား
ဖမ်းစားသွားခဲ့သည်။လူစိမ်းတစ်ဦး ပါလားဟု
ရှရှင်းချန်က တွေးလိုက်မိသည်။
ပြီးတော့ ဒီလူစိမ်းသည် အရမ်းကြည့်ကောင်းသည်ဟု
လည်း ကောက်ချက်ချလိုက်သည်။

သူ့မျက်လုံးများသည် ယန်ရိုမင်၏မျက်နှာပေါ်တွင်
ကျရောက်လျက် အကြည့်လွှဲဖို့ကိုပင် နှေးဖင့်နေခဲ့သည်။

ယန်ရိုမင်သည်လည်း သူ့ကိုပြန်ကြည့်နေခဲ့သည်။
အချိန်ကြာမြင့်စွာသူ့ကို ကြည့်ပြီးနောက်ရှရှင်းချန်က
မေးလိုက်သည်။

!ဘာဝယ် ချင်လို့ပါလဲ!

ယန်ရိုမင်က ရုတ်တရက်ပြုံးပြလာ
ပြီးနောက် သူ့ ခန္ဓာကိုယ်အား အနည်းငယ်ကိုင်းလျက်
ကောင်တာပေါ်သို့ လက်တစ်ဖက်ထောက်လိုက်ရင်း

!ကိုယ့် ကို စီးကရက် တစ်ဘူးလောက်ယူပေးပါ!

ဟု သူက ပြောလာသည်။

ထိုအပြုံးသည် ခဏမျှသာဖြစ်လေသည်။
ရုတ်တရက် ရှရှင်းချန် သတိထားမိလိုက်သည်က
ယန်ရိုမင်သည် ရှရှင်းချန်၏သရုပ်ဆောင်မှုအား သူ့ဖက်မှ
ပြန်တုံ့ပြန်လိုက်ခြင်းဖြစ်ပြီး သူနှင့်အတူ လိုက်လျော
ညီထွေဖြစ်အောင် သရုပ်ဆောင်ပေးနေခြင်းဖြစ်လေသည်။

ရှရှင်းချန်သည် မတ်တပ်ရပ်လိုက်ပြီး
သူ့နောက်ဖက်နံရံကပ်စင်ရှိ စီးကရက်များ
ထားရာနေရာသို့ လှည့်ကြည့်လိုက်သည်။
ထို့နောက် ရုတ်တရက်ပင်သတိရမိလိုက်သည်က
ထိုသူက ဘယ်စီးကရက်ယူမည်ဟု
သူ့အား မပြောလိုက်သောကြောင့်
တဖက်သို့ ပြန်လှည့်ကာ မေးလိုက်သည်။

ကြယ်လေးတွေရဲ့ချစ်ပုံပြင်(MM Translation)Where stories live. Discover now