အခန်း(၃၉) သူမ ဘယ်တုန်းကမှ သူ့နှလုံးသားကို ဖမ်းဖို့ မတွေးဖူးဘူး-၂

Start from the beginning
                                    

သူတို့နှစ်ဉီးသည် ကွဲပြားခြားနားစွာ တွေးခဲ့ကြပြီး မတူညီတဲ့ အကြောင်းရင်း စေ့ဆော်မှုတွေ ရှိနေကြသော် လည်း မည်သူကမှ မဖော်ပြခဲ့ကြပေ။ ထူးထူးဆန်းဆန်း သဟဇာတဖြစ်နေသော ခံစားချက်တစ်ခုလိုပင်။

"ကိုယ် ဗိုက်ဆာပြီ... ကိုယ့်အတွက် တစ်ခုခုသွားလုပ် ပေးပါဉီး"

မနေ့ညက ချန်ရှုံချီသည် စုယာယာ၏လက်ရာကို စား ဖူးပြီးနောက် သူ တကယ့်ကို သူမရဲ့လက်ရာကို ကြိုက်သွားခဲ့ သည်။ ထိုအကြောင်းကို တွေးမိသည်နှင့် သူမရဲ့ အချက် အပြုတ်ကို ထပ်စားချင်ပြန်ရော။ ဒီမတိုင်ခင်ကတော့ သူ သည် စုယာယာရဲ့ဟင်းချက်က စားလို့ရမှ ရပါ့မလား စသ ဖြင့် သံသယများစွာ ဖြစ်ခဲ့သည်။ ပြောင်းလဲမှုကြီးက အလွန် လျင်မြင်စွာ ရောက်လာမယ်လို့ ဘယ်သူထင်ခဲ့ပါ့မလဲ။ တကယ် သူ့မျက်နှာကို ရိုက်ခံထိသွားသလိုပဲ။

ချန်ရှုံချီက သူမကို ဤကဲသို့ စိန်လည်ဆွဲအကြီးကြီးကို လက်ဆောင်ပေးသည့်အတွက် အရမ်းအရမ်းကို ပျော်နေခဲ့ သည်။ အခုလည်း သူမ သူ့ကို မလုပ်ဖူးရယ်လို့ စောဒက တက်ပါလိမ့်မလား။ သူ တောင်းဆိုတိုင်း ဖြစ်စေရမယ်ပေါ့။ သူက စားချင်သည်ဟု ဆိုလာတာကြောင့် သူမသည် သူ့ အတွက် ချက်ပြုတ်ပေးဖို့ နောက်ကျောက နာကျင်မှုကို အောင့်ခံပြီး ခပ်မြန်မြန် သပ်သပ်ရပ်ရပ်ပြင်ဆင်သည်။

စုယာယာသည် မီးဖိုခန်းထဲသို့ ဝင်လာခဲ့ပြီး မနေ့ညက သူမ ဝယ်လာခဲ့သည့် ပါဝင်ပစ္စည်းတွေကို ကြည့်သည်။ ခရမ်းချဉ်သီး, ကြက်ဉတွေ, ဝက်သား, ခရမ်းသီး အစရှိ သဖြင့်။ ထို့ကြောင့် ကြက်ဉနဲ့ ခရမ်းချဉ်သီးစွပ်ပြုတ်ရယ်၊ ဝက်သားနဲ့ ခရမ်းသီးမွှေကြော်လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။

စုယာယာသည် ဆန်တစ်ခွက်ကို ခပ်ပြီး ထမင်း ပေါင်းအိုးထဲသို့ မထည့်မှီ ရေအရင်ဆေးသည်။ ရေကို လက်ဖဝါးတစ်ခုစာ မြုပ်အောင် ထည့်ပြီးသောအခါ ထမင်း ပေါင်းအိုးခလုတ်ကို နှိပ်သည်။

အသားကို အတုံးသေးသေးလေးတွေအဖြစ် လှီးဖြတ်ပြီး မကြာခင် သူမရဲ့မွှေကြော်ထဲမှာ အသုံးပြုမယ့် ငရုတ်သီးစိမ်း ကို ပြင်သည်။ ထို့နောက် ခရမ်းသီးကို တစ်ဝက်စီခြမ်းပြီး ပွက်တော့မယ့် အိုးထဲသို့ ထည့်သည်။ ပြီးသွားချိန်မှာတော့ နောက်ပြီးရင် သူမ အသုံးပြုမယ့် တို့စရာအချဉ်ရည်ကို မြင် သည်။ ခရမ်းချဉ်သီးရဲ့အပေါ်ယံအခွံကို ခွာပြီး တူကိုသုံးကာ ခွက်ထဲသို့ ကြက်ဉတွေကို ခွဲထည့်သည်။ ကြက်ဉအနှစ်တွေ ကွဲထွက်သွားသည်အထိ နာရီလက်တံလည်ပုံအတိုင်းမွှေပေး သည်။ သူမရဲ့ကြိုတင်ပြင်ဆင်စရာတွေ ပြီးလုဆဲဆဲဖြစ်နေ ပြီ။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now