Ep-1

8.8K 106 0
                                    

Unicode version

'ဒီနေ့ ရာသီဥတုက ငါ့လိုပဲ လှပလိုက်တာ'
'အဟွတ်..ဟွတ်...စကားကို လူနဲ့လိုက်အောင်ပဲပြောပါ မိဝိုင်ရယ် ရေတောင်သီးတယ်'
'အပိုတွေဟယ် ငါတကယ်မလှဘူးလားပြောလေပြော ပြော'
'အေး အေးလှပါတယ် ပြစ်ချက်ဆိုလို့ ထိုင်မှန်းမသိ ထမှန်းမသိတဲ့ အရပ်လေးတစ်ခုပဲ'
'ဟဲ့ အဲ့ဒါ International Cuttie High ဟဲ့ နားမလည်ပဲ မပြောနဲ့'

(ကျွန်မနာမည်က wine ပါ။ အသက်က ၂၃။ B သွေး ။အရပ်က 5'2"။ မဟုတ်မခံစိတ်လေး နည်းနည်းတော့များတယ်😁။ ဒေါသထွက်ပြီဆိုရင်လည်း ပါးစပ်ကနောက် လက်ကအရင်ပဲ။ တိုက်ကွမ်တို ခါးပက်နက်ရထားတာ အလကားမှမဟုတ်ပဲ။ ပြီးတော့အားလုံးပဲမြင်ကြတဲ့အတိုင်း အမြဲ အစနောက်ခံ နေရတာ အရပ်ပုလို့တဲ့။ တကယ်တော့ မပုပါဘူး ဘေးကလူတွေကသာရှည်နေတာ😁။ ကျွန်မကို စနောက်တဲ့အထဲ အဆိုးဆုံးက ကျွန်မရဲ့အချစ်ဆုံးသူငယ်ချင်း နေမင်း တဲ့။ အဲ့ကောင်နဲ့က မူကြိုတည်းကခင်လာတာဆိုတော့ ပြောမနာဆိုမနာတွေဖြစ်နေပြီ။ အဲ့ကောင်အရပ်က ၅'၁၀"လေ ။ ကျွန်မထက် ၈လက်မလေးပဲရှည်ပြီး စနောက်နေတာတော့ ခံပြင်းတယ်။ ကျွန်မရဲ့ အိပ်မက်ကတစ်နေ့ကျရင် အရပ် ၆' လောက်ရှိတဲ့ ကိုကိုတစ်ယောက်နဲ့တွဲပြီး အဲ့ကောင်ကို ကိုကို့ရဲ့ကျောပေါ်ကနေ ငုံ့ကြည့်ဖို့ပဲ။ တွေးရင်းနဲ့တောင် အဲ့ကိုကို က်ိုတွေ့ရဖို့ ရင်ခုန်နေပါပြီ အဟိ😁)

'ဟဲ့ ဘာတွေပြုံးနေတာလဲ ဂျပုမ'
'ဘာမှမတွေးဘူးနော် ငါတကယ်ဘာမှမတွေးဘူး'
'ဘာမှလည်းမမေးပါဘူး အိုးမလုံအုံမပွင့်နဲ့'
'😁😁'
'ဖြီးမနေနဲ့ လာ...သွားမယ် ပုဂံကိုရောက်တုန်းရောက်ခိုက်လေး ပတ်ကြည့်ကြမယ်၊ နင်ငါ့နားမှာပဲနေ ၊ပျောက်သွားရင် ရှာရဖွေရခက်တဲ့အရပ်အမောင်းနဲ့ဆိုတော့...'
'နင် ဒီအရပ်အကြောင်း ပြောလို့ပြီးဦးမှာလား? '
'Ah! sorry... နင်ကပုနေတော့ ငါ့အပြောကနေလွတ်မှာမဟုတ်ဘူး အပြောမခံချင်ရင် မပုနဲ့လေ🙄Awww မေ့လို့ အရပ်က ထပ်မထွက်လာတော့ဘူးပဲ'
'နင့်ကိုယ်နင်ရော ရှည်တယ်ထင်နေလား ငါ့ထက် ၈လက်မလေးပဲရှည်ပြီးတော့'
'မတတ်နိုင်ဘူး ငါက ၈လက်မရှည်နေသ၍ ပြောနေရဦးမှာပဲ'
'ဟွန်း...😠'
'ဟွန်းမနေနဲ့ ဒီမှာစောင့်နေ ဘယ်မှလျှောက်မသွားနဲ့နော် ငါပြန်လာခဲ့မယ်'
'ကြွ ကြွ'
'ဘယ်မှမသွားနဲ့နော်'
'အေးပါဆို'

PoisonWhere stories live. Discover now