91

1K 153 0
                                    

Uni
======
#ကျုပ်ကဆရာကြီး
အခန်း ၉၁
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
(နှာတဖား အသာ နဲ့ နိုင်သွားတယ်)

သူ့အတွေးများ ပြာဝေသွားသည်။ ထို စစ်တုရင်ခုံ က သူတို့၏ စိတ်ဝိညာဉ် နှင့် အတွေးအာရုံ များအား ဆွဲသွားယူသွားအလားပင်။

သို့သော်လည်း သူ ၄င်း နှင့် မရင်းနှီးချေ။ သူ ချက်ချင်းပင် အသက်ပြင်းတစ်ရှိုက် ရှူကာ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်စေရန် ကြိုးစားလိုက်သည်။

ရုတ်တရက် သူ မတူညီသည့် နယ်မြေ တစ်ခု ထံသို့ ရောက်သွားသည်။ သူ့အရှေ့ရှိ စစ်တုရင် ခုံမှာ အလွန်တရာ ကြီးမားကျယ်ပြန့်လာကာ ကောင်းကင် နှင့် မြေပြင် အလား ဖွဲ့တည်သည်။

ထို နယ်မြေက ကြီးလွန်းလှသည်။ စစ်တုရင် ကစားခြင်းအား ခုံမင်သူ တစ်ယောက် ဖြစ်သည်တောင် မည်သည့် နေရာမှ စတင်ရမည်ကို နားမလည်ချေ။

ထို ရှေ့မှောက်၌ သူက သာမန်လူတစ်ယောက် ဖြစ်ကာ မည်သည့် နေရာသို့ ထွက်ပြေးရမည်မှန်းတောင် မသိတော့ချေ။

ဘန်း

အဆုံးမရှိသည့် ဉာဏစွမ်းအားများက သူ့ထံသို့ တိုးဝင်လာကာ လွှမ်းခြုံသွားသည်ကြောင့် သတိလစ်မတတ် ဖြစ်သွားသည်။

ဒါက သူတို့ ပြောနေကြတဲ့ ကမ္ဘာတစ်ခု ရဲ့ ခွန်အားလား

ထို နေရာ၌ သူ၏ ဖြစ်တည်မှု မှာ အလွန်သေးငယ်ကြောင့် ခံစားနေရသည်။ သူ သာ လုံလောက်စွာ အားကောင်းခြင်း မရှိလျှင် အဆုံးသတ်သွားနိုင်ကြောင်းအား သိ၏။

စစ်တုရင်ဝါသနာအိုး တစ်ယောက် အနေဖြင့် သူ စိတ်လှုပ်ရှားနေပြီး ကြောက်ရွံနေသည်။ သူ စစ်တုရင် ကစားကွက် အား စရွေ့လိုက်သည်။ ၄င်းက စတင်လိုက်သည့်နှယ်ပင်။

၄င်းက ဘဝတွင် တစ်ကြိမ်သာ ရတတ်သည့် အခွင့်အရေးတစ်ခု ဖြစ်သည်။ လက်လွှတ်ခံ၍ မရချေ။

နောက်ဆုံး၌ သူ ကစားပွဲစတင်ရန် ဆုံးဖြတ်လိုက်လေပြီ။ သူ ၏ ကျားစေ့ကို စစ်တုရင် ကစားပွဲ၏ ဗဟိုထက် သို့ ရွေ့လိုက်သည်။

အဖြူရောင် ကျားစေ့မှာ စစ်တုရင် ခုံထက်သို့ ကျဆင်းလာလေသည်။

ကျုပ်ကဆရာကြီး(1-ongoing)Tempat cerita menjadi hidup. Temukan sekarang