108+109

1.2K 159 6
                                    

#ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၁၀၈
(အမြဲတမ်း ကြွားနေရတော့မှာပဲ)

သန့်စင်လမင်းရေကန်တွင်ဖြစ်သည်။

၄င်းမှာ ကြီးမားကျယ်ပြန့်သော ရေကန်ကြီးခုဖြစ်သည်။ ၄င်း၏ ဘေးပတ်ဝန်းကျင်ရှိ တောင်တန်းများနှင့်
မြေပြင်အနေအထားကြောင့် ၄င်းမှာ လခြမ်းပုံသဏ္ဍာန် ဖြစ်နေကာ မြေကြီးထဲသို့ နစ်ဝင်နေလေသည်။

ရေကန်ထဲမှ ရေများမှာ မှန်တစ်ချပ်ကဲ့သို့ ကြည်လင်နေပြီး နေ၏အလင်းရောင်များ ရောင်ပြန်ဟပ်ကာ တလက်လက်တောက်ပနေသည်။

ရေကန်ကြီးသည် အရှေ့ဘက် ပင်လယ်မှ လမ်းကြောင်းများအားလုံး ပေါင်းကူးမှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကာ ထိုရေလမ်းကြောင်းတစ်လျှောက်တွင် ရှည်လျားသော မြစ်တစ်စင်း ဖြစ်ပေါ်လာပြီး ကွမ်းလောင်မင်းဆက်၏ တောင်ဘက်နှင့် မြောက်ဘက်အား ပိုင်းဖြတ်လျက် စီးဆင်းနေသည်။

ဒဏ္ဍာရီ ပုံပြင်များ၏ အဆိုများ အရ သန့်စင်လမင်းရေကန်ကြီးသည် သာမန်လူများ၏ ဝမ်းရေးအား ထောက်ပံ့နေသော မိခင်ရေကန်ဟု ဆိုကြလေသည်။

ကန်ကြီးထဲတွင် ငါးဖမ်းသမားများအတွက် ငါးအများအပြားနှင့် ပုစွန်အများအပြား ရှိနေလေသည်။

သို့ရာတွင် ငါးဖမ်းသူများနှင့် စည်ကားလေ့ရှိသော ရေကန်ကြီး မှာ ထူးဆန်းစွာ တိတ်ဆိတ် ခြောက်ကပ်နေလျက် မည်သူမျှအား မတွေ့ရချေ။

ယခု၌ ရေကန်နံဘေး(သို့)ကမ်းလွန်နေရာတွင် မြင်နေရသော အပျက်အစီးများမှာ အံ့သြစရာကောင်းနေလေသည်။

ထိုအချိန်တွင် လူတစ်ယောက်သည် သန့်စင်လမင်းရေကန် အနားတွင် ပေါ်ထွက်လာသည်။ သူသည် အသံတစ်ချက်မျှ မပြုလျက် သတိကြီးစွာ ရေကန်ရှိရာသို့ ချဉ်းကပ်လာ၏။ ထိူလူသည် ချီတုံချတုံ ဖြစ်နေကာ သူ စွန့်စားသင့်မစွန့်စားသင့်ဆိုသည်အား သံသယရှိနေမိသည်။

နောက်ဆုံးတွင် ထိုလူသည် သူ၏ နှုတ်ခမ်းများအား ကိုက်လျက် ရေကန်အနားသို့ တဖြည်းဖြည်း ချဉ်းကပ်လာလေသည်။ အကယ်၍ လီနင်းဖန်သာ ဤနေရာတွင် ရှိနေမည်ဆိုလျှင် ထိုလူသည် သူအမြဲတမ်း ငါးဝယ်နေကျဖြစ်သော ငါးစိမ်းသည်ကြီး ဖြစ်ကြောင်း သိရှိပေလိမ့်မည်။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now