37

1.3K 185 0
                                    

Uni
=======
#ကျုပ်ကဆရာကြီး
အခန်း ၃၇
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
(ချစ်ဖို့ကောင်းလိုက်တဲ့ အင်မော်တယ်ကမ္ဘာကြီး)

တောထဲတွင် ဧကရာဇ် နှင့် လျိုရှီယူ တို့မှာ ထိုမြင်ကွင်းကြောင့် မျက်ခမ်းများ တဆတ်ဆတ် တုန်သွားကြသည်။ သူတို့မျက်လုံးများအတွင်း ကြောက်ရွံမှု တို့ စွန်းထင်းလာခဲ့သည်။ သူတို့ ကမ္ဘာတစ်ခုလုံး ပြိုလဲကျသွားသည့် အလားပင်။

သူသူသူ. လျိုရှီယူ၏ နှုတ်ခမ်းပါးလေးများ တဆတ်ဆတ် တုန်ရင်နေလေ၏။

ဘာတွေ ဖြစ်သွားတာလဲလက်ညှိုးတစ်ချက် ညွှန်လိုက်တာနဲ့ မိစ္ဆာဘုရင် နှစ်ယောက်က မူလအသွင် ပြောင်းလဲသွားရတယ်လား

ဒါက ဘယ်လို စွမ်းအားမျိုးလဲကျင့်ကြံခြင်း ကမ္ဘာထဲမှာ ဘယ်တုန်းက ဒီလောက်အစွမ်းထက်တဲ့ ကျင့်ကြံခြင်းစွမ်းအား ထွက်ပေါ်လာရတာလဲ

လျိုရှီယူတို့အတွက် သေချာသည့် အရာမှာ သူက ကျင့်ကြံသူ တစ်ယောက် မဟုတ် ဆိုသည့်အရာပင်

မပြောလိုက်နဲ့သူက သခင်လေးလီ ရဲ့ တပည့်လက်သားတစ်ဦးလို့ ကိုယ်တိုင် ထုတ်ပြောခဲ့ဖူးတယ် မဟုတ်လား တော်ဝင်ဧကရာဇ် က လေးနက်သည့် လေသံဖြင့် ပြောလာသော်လည်း သူ့အမူအရာတို့မှာ လုံးဝ မတည်ငြိမ်နိုင်ချေ။

သူသည်လည်း လျိုရှီယူကဲ့သို့ တုန်လှုပ်ရသည်။ ထိုမြင်ကွင်းက ကြောက်မက်ဖွယ် ကောင်းလွန်းလှသည် မဟုတ်လား။ သူတို့ တစ်ဘဝလုံးအတွက် မေ့နိုင်စရာပင် မရှိချေ။

ဒီလောကကြီးက ဘယ်တုန်းက ဒီလောက်ထိ အန္တာရာယ်များသွားခဲ့တာလဲတကယ့်ဆရာကြီးက အခုခေတ်မှာ သာမန်လူအတိုင်း နေထိုင်ကြတာပဲလားမဖြစ်သေးဘူးနောက်တစ်ခါ သာမန်လူတွေနဲ့ ဆုံရင် ဒီထက်ပိုပြီး ယဉ်ယဉ်ကျေးကျေး ဆက်ဆံမှ ဖြစ်တော့မယ်  တော်ဝင်ဧကရာဇ် စိုးရိမ်စွာ တွေးလိုက်သည်။

မုန့်ကျွင်းလျန့် မှာ မြက်ခင်းပြင်တွင် ခြေဗလာ နှင့် လျှောက်လှမ်းလာသည်။ လျိုရှီယူ နှင့် လျိုဧကရာဇ်တို့မှာ ထို ကျောင်းတော်သား နီးကပ်လာသည်အား တုန်ရင်စွာ ကြည့်နေမိကြ၏။

ကျုပ်ကဆရာကြီး(1-ongoing)Όπου ζουν οι ιστορίες. Ανακάλυψε τώρα