47

1.3K 185 2
                                    

Uni
========
#ကျုပ်ကဆရာကြီး
ဘာသာပြန်သူ - တင်အောင်ခိုင်
အခန်း၄၇
(အစ်မက အသွင်ပြောင်းပြီး ရူးသွားတာလား...)

မုန့်ကျွင်းလျန့်က ချင်မင်ယွမ်အား တည်ငြိမ်စွာ ကြည့်လာခဲ့သည်။ သူ့အကြည့်များက အရာအားလုံး ထွင်းဖောက်သိနေဟန်ရ၏။ သူတည်ငြိမ်စွာဖြင့်

"အဲ့ဒီသာမန်လူတွေကို ကြည့်လိုက်စမ်း သူတို့က နေထွက်ချိန်ကနေ နေ၀င်ချိန်ထိ၊
မိုးလင်းကနေ မိုးချုပ် နှစ်တစ်ရာလုံး အလုပ်ကြိုးစားရတယ် ဒါပေမယ့် ကျင့်ကြံသူတွေကတော့
နှစ်တစ်ထောင်တိုင်တိုင် သက်တောင့်သက်သာ နေကြရတယ် သူတို့လဲ ကျင့်ကြံသူတွေက 
ဘာလို့ သူတို့လို မဟုတ်ရလဲဆိုတာ သိချင်ကြမှာပဲ မင်းသူတို့ကို ဘယ်လိုပြောမလဲ."

ချင်မင်ယွမ်၏ ခန္ဓာကိုယ်လေးမှာ တချက်တုန်လှုပ်သွားခဲ့သည်။ အဖြေမှာ သူမနှလုံးသားထဲတွင် ရှိပြီးဖြစ်၏။
၄င်းမှာ ပါရမီနှင့် အရည်အချင်းပြည့်မှီမှုသာ ဖြစ်သည်။ ထိုကဲ့သို့ဖြစ်လာရန် ပါရမီလည်းရှိရမည် ဖြစ်ပြီး
အရည်အချင်းလည်း ပြည့်မှီရမည် ဖြစ်သည်။ သာမန်သူများကဲ့သို့ပင် သူတို့သည်လည်း ကျင့်ကြံသူများထံတွင် တပည့်ဖြစ်လာကာ နှစ်တစ်ထောင်တိုင် သက်တောင့်သက်သာ နေလိုသည်။ သို့သော်လည်းပဲ သူတို့ထံ၌ စိတ်ဝိညာဉ် ရေသောက်မြစ် မရှိသောကြောင့် ထိုသို့ဖြစ်ရန် အရည်ချင်းမမှီချေ။

ဘာကြောင့် သူတို့ ထိုမျှ ကံဆိုးကြရသနည်းဟု မေးလာနိုင်သည်။ သို့သော်လည်းပဲ မည်သူမှပြောလိမ့်မည် မဟုတ်ချေ။

ချင်မင်ယွမ်က ထိုကဲ့သို့ ပျင်းစရာကောင်းသော မေးခွန်းအား ပြန်မဖြေနိုင်ကြောင်း ကောင်းစွာသိလိုက်၏။ သူမ၏နှုတ်ခမ်းလေးအား ကိုက်ကာ ထိုကျောင်းတော်သားအား နောက်တစ်ကြိမ် ဦးညွတ်လိုက်သည်။

"ဒီအဖြေကို ဖြေပေးဖို့အတွက် စီနီယာကို တောင်းဆိုပါတယ်။"

ထိုကျောင်းတော်သားက တစ်ခဏ စဉ်းစားပြီးနောက် ပြောလာခဲ့သည်။
"ကောင်းကင်နဲ့ မြေပြင်ကို သူတို့ရဲ့ ကိုယ်ပိုင်စည်းမျဉ်း ဥပဒေတွေနဲ့ ပိုင်းခြားထားတယ် ငါတောင်မှ အဲ့ထဲက တစ်ခုနှစ်ခုကိုပဲ နားလည်နိုင်ခဲ့တာ တိကျတဲ့အဖြေတွေကိုတော့ ဒီစည်းမျဉ်းဥပဒေတွေကို ဖန်တီးရေးဆွဲခဲ့တဲ့သူတွေပဲ သိနိုင်လိမ့်မယ် "

ကျုပ်ကဆရာကြီး(1-ongoing)Nơi câu chuyện tồn tại. Hãy khám phá bây giờ