77

1.1K 156 0
                                    

Uni
======
#ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၇၇
(လင်းယုန်စွတ်ပြုတ်က ကျုပ်တို့ကို ကံကောင်းစေတာပဲ)

နှစ်နာရီ ကြာပြီးနောက်...

လင်ယွင်အင်မော်တယ်ခုံရုံးတွင် ဖြစ်သည်။

ပုံရိပ်နှစ်ခုသည် ဂိတ်တံခါးအား ကျော်ဖြတ်ကာ ရပ်တန့်ခြင်းမရှိ ဝင်ရောက်လာသည်။

အကြီးအကဲတို့....ဒီနားကို ချက်ချင်းလာကြပါဦး

ဂိတ်တံခါးသို့ ရောက်ရောက်ချင်းတွင်ပင် လင်မုဖုန်း အော်ခေါ်လိုက်ခြင်းဖြစ်သည်။ စိတ်လှုပ်ရှားမှူများစွာဖြင့် သူ၏ မျက်နှာမှာ နီမြန်းနေသည်။

လင်ယွင်အင်မော်တယ်ခုံရုံးမှ တပည့်ဂိုဏ်းသားများသည် သူ့အား ဦးညွတ်အရိုအသေ ပေးကာ နှုတ်ဆက်ကြသည်။

သူတို့၏ ဂိုဏ်းခေါင်းဆောင် အကြောင်းအား သူတို့ ကောင်းကောင်းသိသည်။ ဂိုဏ်းခေါင်းဆောင် တစ်စုံတစ်ခုအား ရှာတွေ့လာသည့်အခါတိုင်းတွင် ဤနေရာသို့ လာကာ အမြဲတမ်း ပြသတတ်သည်။

သူတို့မှာ သူ၏လက်ထဲရှိ စတုဂံပုံ ဘူးလေးအား ကြည့်မိကြသည်။ ဘူးလေးမှာ အလင်းဝင်နိုင်သော ကြောင့် အထဲသို့ မြင်ရကာ ၄င်းထဲတွင် တစ်စုံတစ်ခု ပါရှိပုံရသည်။

ဘာများလဲ.....

ဘယ်လို ပစ္စည်းမျိုးပါလိမ့်.....

အကြီးအကဲ သုံးဦးမှာလည်း လင်မုဖုန်း၏ ထိုကဲ့သို့သော အမူအရာအား ရင်းနှီးပြီးသားပင် ဖြစ်သည်။ ကြန့်ကြာခြင်း မရှိလျက် သူတို့သည် ခန်းမဆီသို့ အမြန်လာခဲ့ကြသည်။ သူတို့ လည်း စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
ဘာတုန်း.... ဘာဖြစ်လာတာလဲ....ပစ္စည်းကောင်းကောင်းတစ်ခု သယ်လာတာလား

လင်မုဖန်းသည် သူ၏ ရှည်လျားသော မုတ်ဆိတ်မွှေးများအား ပွတ်သပ်လိုက်ကာ ထူးဆန်းစွာ ရယ်လိုက်သည်။
ဒီနေ့ဆရာကြီးအိမ်ကို ကျုပ်ရောက်ခဲ့တယ်....ပြီးတော့ ကောင်းကျိုးတွေများစွာ ရခဲ့တယ်.....မမျှော်လင့်ထားဘဲနဲ့
အဖိုးတန်ရတနာ ပစ္စည်းတစ်ခု ကျုပ် ပြန်ယူခွင့်ရခဲ့တယ်

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now