85

1.1K 171 0
                                    

Uni
======
#ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း (၈၅)
(အင်မော်တယ်တစ်ပါး၏ ထိတွေ့ခြင်း...)

တော်ဝင်ဧကရာဇ်က အေးစက်စက် သတိပေးလိုက်သည်။
"သူတို့နဲ့ ဝေးဝေးနေဖို့ မင်းကို အကြံပေးလိုက်မယ် မဟုတ်ရင် မင်း သေချင်းဆိုးနဲ့ သေသွားလိမ့်မယ်"

"ဟ ဟ ကျုပ်ကြောက်လိုက်တာ..."
ထို နတ်ဆိုးလူမှာ တွန့်ဆုတ်ခြင်း မရှိ လှောင်ရယ်မောလိုက်သည်။

အင်မော်တယ်တွေရဲ့ အထက်အဆင့်လား....
အဆုံးအစွန် ညဏ်အလင်းရနေတဲ့  ပုဂ္ဂိုလ်တစ်ယောက်..

ထိုကဲ့သို့သော လူမျိုးမှာ ကျင့်ကြံခြင်းကမ္ဘာ မဆိုထားနှင့် အင်မော်တယ် ကုန်းမြေတွင်ပင် မရှိနိုင်ချေ။

"ဒီလိုဖြစ်တည်မှုမျိုး ရှိနေမယ်ဆိုရင် ဘာကြောင့်မို့ ကျုပ်အခုထိ အသက်ရှင်နေဦးမှာလဲ..."

"မင်းတက်နိုင်ရင် ကျုပ်ဆီလာလိုက်"

အခြားတဖက်တွင် နန်နန်းမှာ သစ်ပင်အောက်၌ အံ့ကို တင်းတင်းကြိတ်၍ ထိုင်နေသည်။
ကြောက်မက်ဖွယ် အကြည့်များနှင့် နတ်ဆိုးလူကြီးက  သူမထံသို့ ချဉ်းကပ်လာသည်အား ကြည့်နေမိသည်။
ထိုနတ်ဆိုးလူ၏ မျက်လုံးထဲတွင် ရမက်တို့ဖြင့် ပြည့်နှက်နေသည်။

နတ်ဆိုးလူက ခြောက်ကပ်ကပ်အပြုံးနှင့် လက်ဆန့်ထုတ်ကာ အေးစက်စက်ပြောလိုက်သည်။

"အဲ့ဒီ စာရွက် ငါ့ကိုပေးစမ်း"

နန်န်းက စာရွက်ကို တင်းတင်းဆုပ်ကိုင်ထားကာ  ခေါင်းခါရမ်းလိုက်သည်။ သူမအနောက်ကိုပင်
တဖြေးဖြေး ဆုပ်ခွာသွားမိ၏။

နတ်ဆိုးလူကြီး၏ မျက်လုံးထဲတွင် အနီရောင် အလင်းတန်းတချို့  ဖြတ်ပြေးသွား၏။ သူ၏လက်များက လက်သည်းအသွင်ကူးပြောင်းကာ အနက်ရောင်မြူခိုးများနှင့် ဖြစ်တည်စေပြီး နန်နန်းဆီသို့ ဦးတည်လိုက်၏။

တဆက်တည်းသူ နှုတ်ခေါင်းရှုံ့လိူက်ပြီး...
"သာမန် စိတ်ဝိညာဉ် ရေသောက်မြစ်ပဲရှိတဲ့ သူကများ  မင်းကို ငါကိုယ်တိုင်သတ်လိုက်ဖို့တောင် ထိုက်တန်မှာမဟုတ်ဘူး..."

ကျုပ်ကဆရာကြီး(1-ongoing)जहाँ कहानियाँ रहती हैं। अभी खोजें