4

1.7K 227 0
                                    

Uni
=======
ကျုပ်က ဆရာကြီး
အခန်း ၄
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
(မကောင်းဆိုးဝါး တစ်ကောင် )

မူရင်းဝတ္ထုအမည် - I am actually a cultivation Bigshot

ပူပန်ခြင်းအပြည့် နှင့် လျိုရှီယု ထွက်သွားပြီးနောက်ပိုင်းတွင် လီနင်းဖန်မှာ သူ့ ငြိမ်းအေးသည့် ဘဝ အား ပြန်ဆက်သည်။ ဂီတဖန်တီးခြင်း ၊ သစ်ပင်စိုက် ၊ ပန်းပင်ပျိုး ၊ ငါးမျှား ခြင်း တို့ ပြုကာ တစ်ခါတစ်ရံ စိတ်ပါသည်တွင် ပန်းချီ နှင့် ကဗျာတို့ ရေးစပ်သည်။

တစ်ရက်၌အနောက်ခြံထဲ သူ ငါးမျှားနေကာ ဘလက်ကီမှာ သူ့ခြေရင်း လှဲလျောင်းရင်း ငြိမ်းချမ်းစွာ သူ့အား ကြည့်နေသည်။

ထူးဆန်းတယ်ငါ လတိုင်း ငါးစာတွေ အများကြီး ထည့်ပါတယ်ဘာကြောင့် ငါ ငါးမရတာလဲ  လီနင်းဖန် ငါးမျှားတံ ကိုင်ရင်း မျက်မှောင်ကြုံနေမိသည်။ ဘလက်ကီအား သံသယဝင်စွာ ကြည့်လိုက်ကာ
မင်းများ အကုန်စားလိုက်တာလားငါ ရွှေငါးတွေ ထည့်ထားတာ မှတ်မိပါတယ် အခုတော့ တစ်ကောင်မှ မတွေ့တော့ဘူး

ဘလက်ကီ ထခုန်မိလိုက်ကာ မျက်ဝန်းကျယ်ကြီးများဖြင့် လူသားတစ်ယောက်အလား အသည်းအသန် ခေါင်းခါယမ်းလိုက်သည်။

ထားပါတော့ငါတို့ မြို့ထဲသွားပြီး ငါးစာ ပုဇွန်ပေါက်လေးတွေ သွားဝယ်ရတော့မယ် ထင်တယ် လီနင်းဖန် ဆက်မစဉ်းစားတော့ပေငါး မမိသည်ကြောင့် ငါးမျှားတံ သိမ်းကာ အိမ်မှ ထွက်ရန် ပြင်ဆင်လိုက်သည်။

ငါးမျှားခြင်းမှာ အတွင်းစိတ်ကို ငြိမ်းအေးစေပြီး သက်တောင့်သက်သာ ဖြစ်စေသည်။ လီနင်းဖန် ထို ခံစားချက်လေးအား နှစ်သက်ပြီး ဖမ်းမိသည့် ငါးများကိုလည်း လတ်ဆတ်သည့် အသားဟင်း လုပ်စားရသည်အား ကြိုက်သည်။ အကြောင်းမတိုက်ဆိုင်စွာဖြင့် သူ ယနေ့ ကံမကောင်းပေ။

ရှောင်ပိုင်  နေခဲ့ပြီး အိမျစောငျ့ထားလိျုကျ

ချစ်ရသော သခင်ရေစိတ်သာချလိုက်ပါ

ထို့နောက်တွင် သူ ဘလက်ကီလေး အား ခေါ်ကာ တောင်အောက် ဆင်းလာလိုက်သည်။

ထို တောင်ပေါ်တွင် ငါးနှစ်တာလုံး နေခဲ့ပြီး ကျင့်ကြံသူတစ်ယောက် မဟုတ်သောကြောင့် ကမ္ဘာကြီး နှင့် ထိတွေ့မှု ပျောက်ဆုံးသည်ဟု သူ တွေးမိသည်။ လူသားများ နှင့် ထိုမျှ ကြာသည်အထိ အဆက်အသွယ် မရှိလျှင် ရူးသွားလောက်ပေသည်။ သူ နေထိုင်သည့် နေရာ နှင့် မနီးမဝေး တောင်အောက်တွင် ကြွေလွှင့်မြို့တော် ဆိုသည့် မြို့လေး တစ်မြို့ရှိသည်။ ထိုနေရာတွင် သာမန်လူများသာ နေထိုင်၍ တခါတလေ မှ သာ ကျင့်ကြံသူများ ဖြတ်သွားတက်သည်။ ကောလဟာလများအရ ကျင့်ကြံသူများအရ ကံအကြောင်းတိုက်ဆိုင်သည့် လူများကို သူတို့၏ တပည့်များအဖြစ် လက်ခံတတ်သည်ဟု ဆိုကြသည်။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now