27

1.4K 200 0
                                    

Uni
=======
#ကျုပ်ကဆရာကြီး
အခန်း ၂၇
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
( ကျုပ်က သားသတ်လွတ်သမား)

ပိုင်ဝူချန်း တစ်ယောက် လည်ချောင်းတစ်ခုလုံး ခြောက်ကပ်သွားခဲ့ပြီး ကြက်သီးမွှေးညှင်းများပင် ထလာခဲ့သည်။ သူ မယုံကြည်နိုင်စရာ တစ်စုံတစ်ခု အား ရှာဖွေ တွေ့ရှိလိုက်မိပြီ ဖြစ်သည်။

သူ အခြား ဟင်းရွက် တစ်ခုအား ကောက်ယူကာ အိုးထဲ နှစ်၍ ဝါးစားလိုက်သည်။ အနည်းငယ် သီးသွားပေမဲ့လည်း ဟင်းရွက်အရည်များမှာ လည်ချောင်းတစ်လျှောက် စီးဆင်း၍ လတ်ဆတ်မှု မှာ ခံတွင်းတစ်လျှောက် ဖြတ်ပြေးသွားခဲ့သည်။ ထိုမှတဆင့် တူညီသော ဉာဏ်အလင်းအချို့ မှာ သူ့ဦးခေါင်းထဲသို့ ဝင်ရောက်လာခဲ့၏။

တကယ်ပဲ ဟင်းသီးဟင်းရွက်တွေမှာ ဉာဏ်အလင်း ပါနေတာပဲပိုင်ဝူချန်း စိတ်လှုပ်ရှားသွားသည်။ သူ့အကြည့်များမှာ ကျန်ရှိနေသော ဟင်းသီးဟင်းရွက် များထံ ရောက်ရှိကာ တုန်ရင်သွားသည်။

ဒါ ဆရာကြီး ငါတို့ကို စမ်းသပ်နေတာပဲဆရာကြီးက အသား နဲ့ ဟင်းသီးဟင်းရွက်တွေ ပြင်ထားပေးတယ်အသားတွေက မကောင်းဆိုးဝါး အသား ဖြစ်ပေမဲ့လည်း ဟင်းသီးဟင်းရွက်က မှ အဖိုးတန်ဆုံးပဲမကောင်းဆိုးဝါး အသားကို လူတိုင်းက အာရုံစိုက်ထားပြီး ဟင်းသီးဟင်းရွက်ကို ချန်ထားခဲ့တယ်ဒါ အကြီးမားဆုံး အခွင့်အရေးကို လက်လွှတ်မိစေတာပဲ..

ငါ အရူးပဲ..ဆရာကြီး က အမြဲစမ်းသပ်နေမှန်း သိတာကိုတောင်မှ အခုမှ နားလည်မိတယ် ပိုင်ဝူချန်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရင်း နောက်ထပ် မှိုတစ်ခု ကောက်ယူကာ ဟင်းအိုးထဲ ထည့်လိုက်သည်။

ခဏအကြာတွင် ကျောက်လောင်တု နှင့် အခြားလူများမှာ အသားအား မြိန်ယှက်စွာ စားနေရင်း ပိုင်ဝူချန်း၏ ထူးခြားသော အပြုအမူအပေါ် သတိထားမိလာကြသည်။

သူ ဘာဖြစ်နေတာလဲဘာလို့ အသီးအရွက်တွေပဲ စားနေရတာလဲ

ပိုင်ဝူချန်း မင်း ဘာလုပ်နေတာလဲဘာလို့ အသားမစားတော့တာလဲ ကျောက်လောင်တု နောက်ဆုံးတော့ မေးလာလေသည်။

မကောင်းဆိုးဝါးအသားမှာ ရှားပါးကာ စိတ်ဝိညာဉ်ချီ အနည်းငယ်ပင်လျှင် ပါနေသေးသည်။

ကျုပ်ကဆရာကြီး(1-ongoing)Nơi câu chuyện tồn tại. Hãy khám phá bây giờ