21

1.4K 210 4
                                    

Uni
=======
#ကျုပ်ကဆရာကြီး
အခန်း ၂၁
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
(အဘိုးကြီးတစ်ယောက်က ကလေးပုံပြင်တွေ နားထောင်သေးလို့လား)

ထို ကျောင်းတော်သား၏ တွေဝေသွားမှုအား ကြည့်ကာ လီနင်းဖန် ဆက်ပြောလာသည်။
နေထွက်လာပြီး နေပြန်ဝင်တယ်ဒါက ရှင်သန်ခြင်းရဲ့ နိယာမ ပဲမင်း ဒီလို အခြေခံအချက်လေးကို နားမလည်နိုင်ပဲ ဘဝရဲ့ အဓိပ်ပါယျကို သဘောပေါက်နိုင်ဖို့ ဘယ်လို ဖြစ်နိုင်မှာလဲ

လူတစ်ယောက်က ဆယ်နှစ်အတွင်းမှာ ဥတုလေးပါး ပြောင်းလဲပုံ ကို ဘယ်နှစ်ခါ မှတ်သားထားနိုင်လဲနှစ်တစ်ရာအတွင်း စတင် မွေးဖွားလာရာက ဖျားနာပြီး သေဆုံးသွားတဲ့အထိ ရှင်သန်ခြင်းစက်ဝန်းအပေါ် ဘယ်သူ နားလည်ခဲ့လဲနှစ်တစ်ထောင်အတွင်း မင်းဆက်တွေ ဥပဒေတွေ ပြောင်းလဲသွားတယ်နှစ်တစ်သောင်းအတွင်း ကြယ်တာရာတွေ ကြွေကျတယ်ဒါတွေ အားလုံးက တစ်ရက်တည်း လေ့လာဖို့ မဖြစ်နိုင်တဲ့ အရာတွေပဲသာမန်လူတစ်ယောက်က ဒီအကြောင်းအရာတွေကို တစ်ရက်တာတည်း ဘယ်လို သိနိုင်လိမ့်မှာလဲ

ကျောင်းတော်သား၏ မျက်နှာမှာ ဝင်းလက်သွားခဲ့သလို တစ်ခါတစ်ရံ စိတ်လှုပ်ရှားသွားပြီး တစ်ခါတစ်ရံ တွေဝေသွားပုံရသည်။

လီနင်းဖန် သူ့အား ကျောခိုင်းကာ နေထိုင်ရာ တောင်ဆီသို့ ပြန်လာလိုက်သည်။ သူ တတ်နိုင်သရွေ့ ကူညီခဲ့သည်။ ကျောင်းတော်သား နားလည်ခြင်း နားမလည်ခြင်းမှာ သူ့အပိုင်း မဟုတ်တော့ချေ။ ထာဝရရှင်သန်ခြင်းမှာ အိမ်မက်တစ်ခုသာ ဖြစ်ပြီး ထိုအရာအတွက်  တန်ဖိုး ရှိသည့် တစ်ဘဝလုံး မရူးသွပ်မိရန် သူ သတိပေးလိုက်ခြင်း ဖြစ်သည်။ သာမန်လူတစ်ယောက် အနေဖြင့် လက်တွေ့ဘဝ၌ နေထိုင်ခြင်းကသာ အကောင်းဆုံး ဖြစ်ပေသည်။

အိမ်သို့ ပြန်ရောက်သော် လီနင်းဖန် မှာ ငါးနှစ်ကောင်အား ရှောင်ပိုင်ထံသို့ ပစ်ပေးလိုက်ပြီး ညစာအတွက် ပြင်ခိုင်းထားလိုက်သည်။ ထို့နောက်တွင် နေ့လယ်စာအား အရသာရှိစွာ စားသုံးတော့လေသည်။

.

သူ နေထိုင်ရာ နှင့် မိုင်တစ်ထောင်အကွာ အခြားတစ်ဖက်တွင် လူငယ်လေး တစ်ယောက် နှင့်အတူ အဘိုးကြီးတစ်ယောက်မှာ ဓားပျံစီးနင်း၍ ဝမ်ကျင်းအင်မော်တယ်ဂိုဏ်းသို့ အလင်းတမျှ ခရီးနှင်နေလေသည်။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now