383

546 38 5
                                    

ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၃၈၃
(ကောင်းကင်မှကြယ်များ ခူးဆွတ်ခြင်း)

"သခင်လေးလီ ကျွန်မတို့ အခုပဲ သွားကြတော့မလား"
ကျိရီ အသက်ပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ဆောက်တည်ရာမရစွာ တုန်လှုပ်နေမိသည်။

"မလောပါနဲ့...ကျုပ်လုပ်စရာရှိတာလေးတွေ အရင်လုပ်ဖို့ ကျေးဇူးပြူပြီး ခဏလောက်တော့ စောင့်ပေးပါ..."

လီနင်းဖန် ပြုံးလိုက်ပြီး ပေါင်းအိုးအား ကြည့်ကာ ပြောလာခဲ့သည်။

"အို...ဟုတ်ပြီ...နတ်မိမယ် ကျိရီ...ကျုပ်ရဲ့ အရုပ်မုန့်လေးတွေကို ကြိုက်မယ်ဆိုရင် ခင်ဗျားကို ကျုပ် ဒီပေါင်းအိုးတစ်ခုလုံး ပေးသင့်တာပေါ့...ရှောင်ပိုင်... လာပြီး ဒါကို ထုပ်ပိုးဖို့ နတ်မိမယ် ကျိရီကို ကူညီပေးလိုက်ပါဦး..."

ဤသည်မှာ လူ့အသိုင်းဝိုင်း၏ ယဉ်ကျေးမှုတစ်ခု ဖြစ်သည်။ နတ်မိမယ် ကျိရီမှ သူ့အား မျိုးစေ့ နှစ်စေ့ ပေးစဉ်ကတည်းက ယဉ်ကျေးမှုရှိစွာ တစ်ခုခု ပြန်ပေးရမည်ဖြစ်သည်။

ထို့နောက် သူမျိုးစေ့များအား သိုလှောင်ခန်းထဲသို့ ယူသွားပြီး တစ်ခုခု ရှာရင်း ပြာယာခတ်နေသည်။

မကြာမှီ ထည့်စရာ သေတ္တာငယ်လေးတစ်လုံးဖြင့် သိုလှောင်ခန်းထဲမှ ပြန်ထွက်လာခဲ့သည်။ သူနောက်ဖေးခြံထဲသို့ တဖြေးဖြေး ဦးတည်၍ လျောက်သွားခဲ့သည်။

ကျိရီနှင့် ကျန်လူများမှာ ထိုသသတ္တောငယ်လေးအား ကြည့်လိုက်ကြသည်။ ၎င်းမှာ အလင်းဖောက်မြင်နိုင်ပြီး အထဲ၌ အရည်တချို့ရှိနေသည်။၎င်းမှာ သာမန်ဖြစ်ပုံရသော်လည်း လူတိုင်း၏ နှလူံးခုန်နှူန်းများ မြင့်တက်သွားကြ၏။ သူတို့ ထိုအကြောင်းအား မေ့ပြစ်၍ မရချေ။

ဒါ...ကြီးထွားမြေသြဇာအဆီ...

ဒါ သေချာပေါက် ကြီးထွားမြေသြဇာအဆီ ဖြစ်ရမယ်...

သာမန်ထက် ကျော်လွန်နေသော လူများမှာ သာမန်အဖြစ်သာ ကြည့်မြင်နိုင်ကြသည်။ ရတနာများအားလည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။ ကြီးထွားမြေသြဇာဆီအား ကြည့်ရသည်မှာ သာမန်ရေနှင့်သာ တူနေသည်။ ၎င်းမှာ သဘာဝ၏ နိယာမများအား အုံတုနိုင်သော ဒဏ္ဍာရီလာ အရည်တစ်မျိုး ဖြစ်သည်မဟုတ်လော...

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now