26

1.4K 212 2
                                    

Uni
======
#ကျုပ်ကဆရာကြီး
အခန်း ၂၆
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
(လေးနက်တဲ့အဓိပ္ပာယ် ပါဝင်နေသော ဟင်းရည်အိုး )

သူတို့အားလုံး အံ့အားသင့်မှုကြောင့် လန့်သွားခဲ့သည်။။ ကျောက်လောင်တု နဲ့ ပိုင်ဝူချန်းတို့ အံ့ကြိတ်ပြီး စိတ်ရှုပ်ထွေးနေသည့် မျက်နှာအမူအရာနဲ့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

ဆရာကြီးက အဆင့်မြင့်လွန်းသည့် အတွက် အင်မော်တယ်ဆိုသည့် ဂုဏ်ပုဒ်မှာ ဆရာကြီးအတွက် မလုံလောက်သေးပေ။ အကယ်၍ ဆရာကြီးဆီထံမှ စကားတစ်ခွန်းကြားရမည်ဆိုရင် မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းပေးရလောက်အောင် ထိ တန်ဖိုးကြီးမြတ်သည့် စကားလုံးများ ဖြစ်နိုင်ပေသည်။

ကျောက်လောင်တုက စိတ်မရှည်စွာဖြင့်

ပိုင်ဝူချန်း...သခင်လေးလီဆွဲထားသည့် ပုံရထားတယ်ဆို......ကျုပ်ကို ပြကြည့်လို့ရမလား....

အားနာပါတယ်ကွာ......ပြလို့မရဘူး......  ပိုင်ဝူချန်းက မျက်နှာတစ်ပြင်လုံး မှောင်မဲကျသွားကာ မျက်ရည်များပင် ယိုစီးကျတော့မည်အလား ဖြစ်သွားသည်။ 

ဟမ်......ငါတို့ခင်လာတာ ဒီလောက် နှစ်တွေ ကြာနေပြီလေကွာ .... ငါ့ကို ဖုံးကွယ်ထားဦးမလို့လား .... တစ်ချက်လေးတောင် ပေးမကြည့်ဘူးလား  ကျောက်လောင်တုက စိတ်ဆိုးဒေါသထွက်သွားသည့်ဟန်ဖြင့် ပြောသည်။

ပိုင်ဝူချန်းက နာကျင်မှုများ လွှမ်းခြုံနေသည့်အသံဖြင့်
မင်းကို မပြချင်လို့မဟုတ်ဘူးဟ ... အဲ့ဒီ  အဲ့ဒီ ပုံကို ဓားနတ်ဆိုးက ဖျက်ဆီးလိုက်ပြီ  လေသံနိမ့်နိမ့်ပြောလာသည်။

ဘာ...
ကျောက်လောင်တု၏  မျက်မှာ ရဲသွားသွားခဲ့ကာ မုတ်ဆိတ်မွှေးများ ထောင်သွားသည့်အလား ပိုင်ဝူချန်းအား လက်ညှိုးငေါက်ငေါက်ထိုးကာ အော်ငေါက်တော့သည်။

မင်းက အရူးပဲ......ဒီလောက် အဖိုးမဖြတ်နိုင်တဲ့ ရတနာကိုတောင် မင်း မထိန်းသိမ်းနိုင်ဘူးလား.....ပုံကတော့ ပျက်စီးသွားပြီး မင်းက အသက်ရှင်ကျန်ရစ်နေတာကို မရှက်ဘူးလား
ပိုင်ဝူချန်းရဲ့ နှလုံးအစုံဟာလည်း နာကျင်လျက်ပင်....၄င်းက သူ့ဘဝ တစ်လျှောက်လုံးအတွင်း ရှက်စရာ အကောင်းဆုံး ဖြစ်ရပ်ပင်ဖြစ်သည်။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now