126+127+128+129

1.2K 181 5
                                    

#ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၁၂၆
(သူက သာမန်လူ မဟုတ်ဘူး ...)

ဒီကမ္ဘာမှာ ပြောင်းလဲမှုအချို့ ဖြစ်သွားတယ်လား...
ချင်မင်ယွင်၏ စိတ်နှလုံးတစ်ခုလုံး တုန်လှုပ်သွားသည်။  ဂူကျိယောင်၏ အဖေမှာ ဤကမ္ဘာရှိ အနည်းငယ်သော မဟာယန အဆင့်များထဲမှ တဦး ဖြစ်ပေသည်။
ဤကမ္ဘာနှင့် အင်မော်တယ်ကုန်းမြေတို့၏ တံတားမှာ ပျက်ဆီးသွားပြီ ဖြစ်တာကြောင့် ပြောင်းလဲမှုတိုင်းအား သူ ဆန်းစစ် စောင့်ကြည့်နေခဲ့သည်။

ဒါဆိုရင် ဒီကမ္ဘာက တကယ်တမ်း ဘာဖြစ်သွားခဲ့တာလဲ....

အကယ်၍ ပြောင်းလဲမှုရှိမည်ဆိုပါက သေးငယ်သည့် ကိစ္စ မဟုတ်တော့ချေ။ သူမ ထိုအကြောင်း အား သိလိုက်ရသည် ဖြစ်သည့် အတွက်ကြောင့်မို့ မသိချင်ပဲ မနေနိုင်တော့ပေ။

သူမ မေးခွန်းထုတ်တော့မည့် အချိန်၌ အလင်းတန်းတစ်ခုမှာ အဝေးမှနေ၍ ရောက်ရှိလာကြောင်း သတိထားမိလိုက်သည်။ ထိုအလင်းတန်းက ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး ခမ်းနားသည့် အဝတ်အစား ဝတ်ဆင်ထားကာ မျက်နှာထက်၌ ပြုံးရွှင်ပြီး ရှုပ်ထွေးသည့် အမူအရာတို့ ရောထွေးနေခဲ့သည်။ သူက မြေပြင်ထက်သို့ ဆင်းသက်ပြီးသည့်နောက် ဂူကျိယောင်နှင့် ချင်မင်ယွင်တို့အား ကြည့်လိုက်သည်။ ထို့နောက်တွင် သူတို့အား နှုတ်ဆက်ခြင်းပင်မရှိပဲ သူ့အခန်းထဲသို့ ဝင်ရန် ဦးတည်လိုက်၏။

ဂူကျိယောင် မျက်မှောင် ကျုံ့လိုက်ပြီး ပြောလာသည်။

" ဂူကျိရု နင်ဘာဖြစ်လာခဲ့တာလဲ..."

ဂူကျိရု ကြောင်အသွားကာ တကယ့် ဖြစ်ရပ်မှန်ကမ္ဘာသို့ ပြန်လည်ရောက်ရှိလာသည့်အလား ခန်ဓါကိုယျတဈခကြျ တုန်ခါသွား၏။ သူ ဂူကျိယောင် အား တုန်လှုပ်စွာ ကြည့်ကာ ခေါင်းခါရမ်းပြီး ပြောလိုက်သည်။

"အစ္မ"

ဂူကျိယောင် သူမ၏ခေါင်းအား အနည်းငယ် ခါရမ်းလိုက်၏။
"ငါတို့ဆီ ဧည့်သည်ရောက်နေတယ် ဘာကြောင့်မို့ သူမကို မနှုတ်ဆက်တာလဲ..."

ဂူကျိရု က ချင်မင်ယွင် အား ကြည့်လိုက်သည်။ သူ တွန့်ဆုတ်စွာ ပြောလာလေသည်။
"အစ်မ မင်ယွင် ဘယ်တုန်းက ဒီကို ရောက်နေတာလဲ"

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now