8

1.5K 222 0
                                    

Uni
=======
ကျုပ်က ဆရာကြီး
အခန်း ၈
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
(မှော်ဆေးရည် ပင် မဟုတ်နိုင်တဲ့ မယုံကြည်နိုင်စရာ စားပွဲတစ်ခု )

မူရင်းဝတ္ထုအမည် - I am actually a cultivation Bigshot

လျိုရှီယူ မှာ ထို အမျိုးသမီး၏ အတွေးအား သိဟန်ဖြင့်
အမေ ဒါ အိမ်မက်မဟုတ်ခဲ့တာ သေချာတယ်သမီးကိုကြည့်သမီး အဆင့်တောင် တက်သွားတာဒါ ဘယ်လိုရှင်းမလဲ

ထို အမျိုးသမီးမှာ သံသယ ဝင်ဆဲပင်..
နင် ပြောသလို မှန်ရင်တော့ အဲ့ဒါ တကယ် ဆရာကြီးပဲ

အမေ မြန်မြန်လာ သမီး ကတိပေးတယ်အမေ အထင်ကြီးသွားစေရမယ် လျိုရှီယူ မှာ စိတ်လှုပ်ရှားစွာဖြင့် ပြောလာသည်။

အမျိုးသမီးကြီးမှာ သက်ပြင်းဖျော့ဖျော့ ချလိုက်သည်။ သူမ သမီး တွေးနေသည်အား သိသည်။ လျိုရှီယူက လက်ထပ်ပွဲအား ဖျက်လိုနေခြင်း ဖြစ်ကာ ယခု အခွင့်အရေး တွေ့လိုက်ပြီ ဖြစ်သောကြောင့် အလွယ်တကူ လက်မလွှတ်လိုဟန် ရသည်။

ဟုတ်ပေသည်။ လျိုရှီယူ ၏ အမေ ဖြစ်သည်နှင့် အညီ သူမသည်လည်း သူ့သမီး မပျော်သည်အား မကြည့်လိုပေ။ သို့သော်လည်း သူမတို့ မွေးဖွားလာခဲ့သည်မှာ အရာအားလုံး သတ်မှတ်ထားပြီးသော နန်းတွင်း၌ ဖြစ်၏။ လွတ်လပ်မှုဆိုသည်မှာ အနည်းအကျဉ်းမျှပင်။ ထို ဆရာကြီးက သူ့သမီးအား အမှန်တကယ် ကူညီနိုင်မည်ဟု မျှော်လင့်နေမိသည်။

လီနင်းဖန် မှာ ခြေရင်း၌ ရှိနေသော ဘလက်ကီ နှင့် အတူ ခြံထဲ ၌ ထိုင်နေခဲ့သည်။ အရှေ့ရှိ ကျားသစ်ခန္ဓာကိုယ်အား သန့်ရှင်းပြီး ဖြစ်ကာ မီးပုံပေါ် တင်ကာ ကင်နေသည်။ ယခု၌ ရှောင်ပိုင်မှာ ကျွမ်းကျင်သည့် ယာယီစားဖိုမှူး ဖြစ်နေလေ၏။

လီနင်းဖန် မှာ ထွေထွေထူးထူး ဘာမှ မလုပ်ရသော်လည်း ပင်ပန်းသည့် အလုပ်များကိုတော့ သူ ကိုယ်တိုင် မလုပ်ပေ။ အထူးသဖြင့် ရှောင်ပိုင်က အလွန်မြင့်မားသည့် အသိဉာဏ်ပိုင်ဆိုင်ပြီးနောက်တွင် ဖြစ်သည်။ ယခု၌ ရှောင်ပိုင်၏ အချက်အပြုတ်ကျွမ်းကျင်မှု မှာ လူသားကမ္ဘာမှ မည်သည့် ကြယ်ငါးပွင့် စားဖိုမှူးထက်မဆို အဆတစ်ရာခန့် ပိုသာလွန်နေပြီး ဖြစ်ပေသည်။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now