313+314+315+316+317

997 110 2
                                    

ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၃၁၃
(မကြိုဆိုသည့် ဧည့်သည်များ )

ဆိုးနေရုံတင် မကဘူး..အခုမှ စကစားသူ အနေနဲ့ ဒီလို ရွေ့ကွက်မျိုး မလုပ်ရဲသင့်ဘူးခင်ဗျား ရဲ့ နားလည်နိုင်စွမ်းက လုံလုံလောက်လောက် မရှိတာပဲ

ဟုတ်ပေသည် ။ လီနင်းဖန် ထိုစကားလုံးများကို စိတ်ထဲ မှသာ ပြောလိုက်ခြင်း ဖြစ်သည်။ ပေနီ မှာ အင်မော်တယ်တစ်ပါး ဖြစ်သည့် အတွက် မျက်နှာ ထောက်သင့်ပေသည်။

သူ ပြောလာလေသည်။
ခင်ဗျား က မဆိုးပါဘူးစ ကစားသူ အနေနဲ့ ဖြေးဖြေမှန်မှန် ပဲ ကောင်းတယ်

ပေနီ မျက်ရည်ဝဲသွားသည်။ မျက်ရည် မကျမိစေရန် အားအကုန်သုံး ထိန်းကာ
ကျုပ်ကို အခုလို သင်ကြားပေးတဲ့အတွက် ကျေးဇူးပါပဲ

ကြည့်ရတာ ဆရာကြီးက မန္တန်တစ်ထောင် ဝင်္ကပါပြား ကြောင့် သဘောကျပြီး ငါ့ကို သင်ကြားပေးနေတာပဲ

သူ့စိတ်ထဲ ဆရာကြီး အား အလွန် လေးစားသွားခဲ့သည်။

ထိုသို့ နှင့် ဒုတိယပွဲတတိယပွဲ

ငါးပွဲမြောက်တွင် လီနင်းဖန် လုံးဝ သည်းမခံနိုင်တော့ချေ။

လူသစ်သူက တကယ့်ကို လူသစ်တစ်ယောက်ပဲသောက်ကျိုးနည်း ဗျုဟာတွေ နဲ့ တလွဲတွေ လုပ်နေတာပါလား

အရင်တစ်ခေါက် ကစားစဉ် အဆိုးဝါးဆုံး လူသစ်မှာ လျိုရှီယူ ဖြစ်သည်။ သို့သော် ဤတစ်ယောက်သည်တော့ လျိုရှီယူထက်ပင် ဆိုးနေသေးသည်။

စစ်တုရင် ကစားရာ၌ ထိုမျှ ညံ့ဖျင်းသည့် လူ ရှိမည်ဟု လီနင်းဖန် မစဉ်းစားခဲ့ချေ။ အဘယ်ကြောင့် အင်မော်တယ် ဖြစ်လာသည်အား လီနင်းဖန်  အံအားသင့်မိသည်။

လီနင်းဖန် ခေါင်းခါယမ်းလိုက်ကာ ညင်သာစွာ ပြောလိုက်သည်။
ကျုပ်တို့ ဒီနေ့ အခုလောက်နဲ့ နားလိုက်ကြမလား

ပေနီ မငြင်းဆန်ရဲချေ။ သူ အလျှင်မြန် နားလည်လိုက်ကာ ခေါင်းညိတ်လိုက်လေသည်။
ကောင်းပါပြီခွင့်လွှတ်ပါကျုပ်တို့ သခင်လေးလီ ကို မနှောင့်ယှက်တော့ဘူး

ကျုပ်ကဆရာကြီး(1-ongoing)Wo Geschichten leben. Entdecke jetzt