83

1.1K 175 4
                                    

Uni
======
#ကျုပ်ကဆရာကြီး
အခန်း ၈၃
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
(လက်ဆောင်)
ဟားဟား ဟုတ်သား တိုက်ဆိုင်လိုက်တာ တော်ဝင်ဧကရာဇ်က စိတ်လှုပ်ရှားစွာ ရယ်မောလိုက်သည်။ ထိုနောက်တွင် သူ အကြံပေးပြောလာခဲ့၏။
သခင်လေးလီ ကျုပ် ဒီနေရာ တစ်ခုလုံးကို အပေါ်စီးကနေ ကြည့်နိုင်မယ့် နေရာ တစ်ခု သိတယ်မီးထွန်းပွဲတော် တစ်ခုလုံးကို အဲ့ဒီ နေရာကနေဆို ပိုမြင်ရတယ်ခင်ဗျား စိတ်ဝင်စားလား

လီနင်းဖန် တွေးလိုက်ပြီးနောက် ခေါင်းခါယမ်းလိုက်သည်။
မဖြစ်သေးဘူးဒီနေ့ည ဂိုဏ်းတွေက တပည့်လက်ခံနေတဲ့ နေရာ တစ်ခု ရှိတယ်လို့ ကြားထားတယ်ကျုပ် တစ်ချက် သွားကြည့်မလို့

တော်ဝင်ဧကရာဇ် ပြောလာသည်။
အိုးသခင်လေးလီ က အဲ့ဒီကို သွားချင်တာလားကျုပ် လမ်းပြပေးမယ်လေဘာကြောင့် ကျုပ်တို့ အတူ မသွားရမှာလဲ.

ဟုတ်တာပေါ့ လီနင်းဖန် လည်း ပြုံးလိုက်ကာ ခေါင်းညိတ်လိုက်သည်။

ဂိုဏ်းများက တပည့် များအား လက်ခံသည့်နေရာမှာ မြို့တော်၏ မြောက်ဘက်အရပ်တွင် တည်ရှိသည်။ ထိုနေရာ၌ ဖျော်ဖြေပွဲနှင့် ဆူညံမှုတို့ မရှိခြင်းကြောင့် လူ သိသိသာသာ လျော့နည်းကာ တိတ်ဆိတ်နေသည်။ တကယ်တမ်းတွင် လေထုထဲ လေးနက်မှုတို့ ကြီးစိုးနေခြင်းကြောင့်သာ ဖြစ်သည်။

သူတို့ ထိုနေရာသို့ ရောက်သည်တွင် သူထင်ထားသည်ထက် လူများစွာ ပိုနေသောကြောင့် လီနင်းဖန် အံအားသင့်သွားသည်။ ထို၌ ကျော်ကြားသော ကျင့်ကြံသူ အချို့ နှင့် ကလေးများ ၊ သူတို့၏ မိဘများ ရှိနေကြသည်။

အချို့ မှာ ဝမ်းသာနေကြပြီး အချို့မှာ စိတ်ဓာတ်ကျနေဟန် ရသည်။  ဟုတ်ပေသည် ဝမ်းသာသည့် လူများထက် မျက်မှောင်ကြုံထားကြသည့် လူမှာ ပိုမိုနေလေသည်။'

ထိုနေရာတွင် စိတ်ဝိညာဉ်ရေသောက်မြစ် စမ်းသပ်ပွဲတစ်ခု ရှိနေသည်။ ကံမကောင်းစွာနှင့်ပင် များစွာသောလူများမှာ စိတ်ဝိညာဉ်ရေသောက်မြစ် မပိုင်ဆိုင်နိုင်ကြပေ။

သခင်လေးလီ.. လာတယ်လား ဒေါ်လေးကျန်းက လီနင်းဖန် လျှောက်လှမ်းလာသည်အား မြင်သည်တွင် နှုတ်ဆက်လိုက်သည်။ သူမ ပုံစံမှာ အနည်းငယ် စိတ်ပျက်နေမိကြောင်း လူတိုင်း ပြောနိုင်ပေသည်။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now