151+152+153

1.2K 152 6
                                    

#ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အပိုင်း ၁၅၁
(အိုး.. ထိပ်တန်းပါပဲ )

ရုတ်တရက်  ဒေါင်  ခနဲ မြည်သံတစ်ခု ကြားရသည်။ " ဂလောင်..ဒေါင်..ဒေါင် "

ရှောင်ပိုင် ထွက်လာခြင်း ဖြစ်၏။ သူ့တွင် အားကစားပစ္စည်း အပြည့်အစုံ ပါလာသည်။

ရှောင်ပိုင်က  လေးလေး နက်နက် အမူအရာဖြင့် 
" ငြိမ်ငြိမ်နေကြပါ.. အားကစားနည်းပြ ရှောင်ပိုင် ရောက်လာပြီ ဒီနားတစ်ဝိုက်က ဆရာကြီးတွေကို လည်း ဖိတ်ခေါ်ပါတယ် "

၄င်းတို့ စကားပြော နေသည်ကို ရပ်လိုက်ကာ ရှောင်ပိုင်ကို သိချင်စိတ်ဖြင့် စူးစမ်းကြည့်နေကြသည်။

ရှောင်ပိုင်က " ငါတို့ အခုခေတ် သိပ္ပံပညာကို ယုံကြည်ဖို့ လိုတယ် ဒါကြောင့် သိပ္ပံနည်းကျ
အားကစား နည်းလမ်းတွေက အကျိုးရှိဆုံးပဲ ငါ့မှာ လူတစ်ယောက်ချင်းစီ ရဲ့ ခန္ဓာကိုယ်နဲ့
စွမ်းအားပေါ် မူတည်ပြီး အားကစားနည်းလမ်းတွေ မျိုးစုံရှိတယ် မင်းတို့ကောင်တွေက ငါ့ကိုကူညီရုံပဲ "

ထို့နောက်တွင်မူ ရှောင်ပိုင်သည် ထိုမိစ္ဆာလေးကောင်ကို အချက်အလက်များ လေ့လာ
နေသည့် အလား စနစ်တကျ ကြည့်ရှုလေသည်။

၄င်းတို့မှာမူ နေမထိထိုင်မသာ ဖြစ်နေလျက် ရှိကြသည်။ ဆရာရှေ့ရှိ မူလတန်းကျောင်းသား များကဲ့သို့ ဖြစ်နေ၏။ သူတို့သည် မတ်မတ်ရပ်ကာ နာခံလျက်ရှိသည်။

ဝက်ဝံနက်ကြီးသည် တုန်လှုပ်ချောက်ချား လျက်ရှိသည်။ သူ ပတ်ဝန်းကျင် ကို တစ်ချက် ကြည့်ကာ စိတ်မထိန်းနိုင်တော့ဟန်ဖြင့် ငိုနေတော့၏။  " ကျေး..ကျေးဇူး ပြုပြီး..ကျုပ်တို့ကို သက်ညှာပေးပါ ဆရာကြီး "

................

မိုးပြာရောင် မြို့ တော်တွင်

မြေအိုးအထဲတွင် ပလုံစီ များ ဆူပွက်နေကာ အငွေ့များသည် အဖုံးအောက်မှ စတင် ထွက်
လာသည်။

ထို အငွေ့များသည် အလွန် မွှေးပျံ့ ၏။ နေရာတစ်ခုလုံးကိုပင် ရနံ့ မွှေးမွှေးများ ဖြင့် ဖုံးလွှမ်းသွား
တော့သည်။ ဆိုဒါသောက်ထားသည် ဖြစ်ရာ လူအများမှာ ပျင်းရိနေကြသည်။ သို့သော် ထိုရနံ့
မွှေးမွှေး ကို စတင် ရှုရှိုက်လိုက်သည်နှင့် သူတို့မှာ ပြန်လည် တက်ကြွလာကြ၏။
လူတိုင်း၏ အကြည့်သည် ထိုမြေအိုးတွင်သာ ရှိနေကြပေသည်။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now