50

1.3K 197 2
                                    

Uni
=======
#ကျုပ်ကဆရာကြီး
ဘာသာပြန်သူ - တင်အောင်ခိုင်
အခန်း ၅၀
(အလုံးစုံသိမြင်သော သခင်လေးလီ)

ကျောင်းတော်သားနှင့် နှုတ်ဆက်ကာ ထွက်ခွာလာပြီးနောက်တွင် ချင်မင်ယွင်၏ မျက်နှာမှာ လေးစားမှူများဖြင့် ပြည့်နှက်နေခဲ့သည်။ သူမ ပို၍ တွေးလေလေ  ပို၍ ကြောက်ရွံလာမိလေ ဖြစ်သည်။ အနောက်ဘက်သို့ ခရီးပုံပြင်၏ အဆုံးသတ်မှာ နိဒါန်းသဘောမျိုးပင် ဖြစ်နိုင်လေသည်။ ပုံပြင်၏ အစတွင် တိုက်ပွဲများ တိုက်ကွက်များအား ရေးသားထားခြင်းမှာ ဇာတ်လမ်း၏ လှည့်ကွက် များသာ ဖြစ်၏။

ပုံပြင်၏ အစတွင် ဝူခုန်းက သူ၏ဦးခေါင်း၌ ကောင်းကင်အလင်းတန်းစွမ်းအားများဖြင့် တောက်ပနေလျက် ထူးဆန်းသော မျောက်တစ်ကောင် အဖြစ် ကမ္ဘာပေါ်တွင် ပေါ်ထွက်လာခဲ့သည်။ သူက ထိုကမ္ဘာ၏ အဓိက ဇာတ်ကောင် ဖြစ်လေသည်။ သို့့သော် ထို ကမ္ဘာမြေ၏ အဓိက ဇာတ်ကောင်မှာ ဟာသ တစ်ခုသာ ဖြစ်နေခဲ့ပြီး အရေးမပါတော့ချေ။ ဇာတ်လမ်း အဓိက ဇာတ်ကောင်ဟူ၍ မရှိချေ။ စစ်တုရင်ကျားစေ့များ ရွှေ့သကဲ့သို့ ဇာတ်လမ်း၏ နောက်ကွယ်တွင် ကြိုးကိုင်သူများ ရှိနေလေပေသည်။

ကျောင်းတော်သား သာမက လျိုရှီယူတို့ နှစ်ယောက်လုံးမှာ သူတို့ ပြောသောဆရာကြီးသည် သခင်လေးလီဖြစ်သည်ဟု ရည်ညွှန်းကြလေသည်။ သူသည် ကစားပွဲအား ကြိုးကိုင်နေသော ဆရာကြီးများမှ တစ်ဦး ဖြစ်နေမည်မှာ ထင်ရှား၏။ ထိုအင်မော်တယ်တိုင်းပြည်သည် ဆရာကြီးအတွက်မူ သေးငယ်၍ အရေးမပါသော စစ်တုရင်ခုံပေါ်မှ ထောင့်လေးတစ်ထောင့်သာ ဖြစ်နိုင်ပေသည်။

ချင်မင်ယွင်၏ မျက်ခုံးလေးများမှာ ကြုံသွားကာ စူးစူးရှရှ တွေးတောလိုက်မိသည်။ သူကဲ့သိ့ု ဆရာကြီးတစ်ယောက် သည် သာမန်သေမျိုးကမ္ဘာတွင် ရောက်ရှိနေခြင်းမှာ အလွန်ပင် တွေ့ရခဲလေသည်။ ဤအခွင့်အရေးအား သူမ မဖမ်းဆုပ်နိုင်လျှင် ထာဝရလမ်းစဉ်နှင့် ပတ်သက်သော အသိပညာများ ရရှိရန် ကံကောင်းခြင်းတစ်ခုအား သေချာစွာ ဆုံးရှုံးသွားပေလိမ့်မည်။ အကယ်၍သာ ဆရာကြီးမှာ သူမ အား သဘောမကျလျှင် အရာအားလုံး ပြီးဆုံးသွားနိုင်လိမ့်မည်။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now