61

1.3K 181 7
                                    

Uni
========
#ကျုပ်ကဆရာကြီး
ဘာသာပြန်သူ - တင်အောင်ခိုင်
အခန်း (၆၁)
(ကြီးကြီးကျယ်ကျယ်သေသွားရတာပဲ)

ဂလု....
ချင်မင်ယွင်နှင့် လျောင်မန်ကျိတို့ ခေါင်းတစ်ခုလုံး ပေါက်ထွက်သွားတော့မည့်အလား တံတွေးတလုတ်အား မျိုချမိလိုက်သည်။

သူ့တို့ခန်ဓါကိုယျထဲရှိ သွေး လေ များပြောင်းပြန် စီးဆင်းသွားသည့်အလား ခံစားရသည်။ လျောင်မန်ကျိ အားတင်းပြုံးလိုက်သော်လည်းပဲ သူ့အပြုံးမှာ ငိုတော့မည့်ဟန်ရ၏။
သူတုန်ရီစွာဖြင့်
ခွေး...ခွေး သခင်ကြီး ကျုပ်တို့က ခွေးချစ်တက်တဲ့ လူနှစ်ယောက်ပါ... ကြုပျတျို့ကမိသားစုတှပေါပဲ....

ဘလက်ကီက လျောင်မန်ကျိ အား ကြည့်ပင် မကြည့်ချေ။ သူကချင်မင်ယွင်အား ကြည့်လာပြီးပြောလိုက်သည်။

"မင်းက ကျုပ်သခင်ရဲ့ဧည့်သည်ဆိုတာသိတယ်  ဒါကြောင့် မင်းစည်းမျဉ်းတွေကို နားလည်မယ်လို့ကျုပ်ထင်တယ်

ချင်မင်ယွင် ထိုခွေးအားမြင်ဖူးသလိုခံစားနေသည်။ ယခုအချိန်တွင် ဤခွေးမှာ လီနင်းဖန်အိမ်ရှိ အိမ်မွေးတိရစ္ဆာန်လေး တစ်ကောင်ဖြစ်သည်ဟု မှတ်မိလာခဲ့သည်။

သူမမျကိလုံးများ ပေကလပ်ပေကလပ်ဖြစ်သွားပြီး ဘလက်ကီဆိုလိုသည့် အဓိပ်ပါယျအား နားလည်သွားခဲ့၏။

သူမလျင်မြန်စွာဖြင့်
"ဟုတ်ကဲ့...ကျွန်မစည်းမျဉ်းတွေကို နားလည်ပါတယ်"

ဘလက်ကီ ခေါင်းငြိမ့်လိုက်ကာ....
"မှတ်ထားပါ ကျုပ်သခင်က သေမျိုးလူသား တစ်ယောက် ရဲ့ ဘဝကို တွေ့ကြုံခံစားနေတာ  သွားပြီး မနှောက်ယှက်နဲ့ ပြီးတော့ ကျုပ်က သာမန်ခွေးတစ်ကောင်ပဲ... ဒီလင်းယုန်ကလည်း သာမန်တောင်လင်းယုန်ပဲ
နားလည်ပြီလား..."
"ဟုတ်ကဲ့ နားလည်ပါပြီ ခွေးသခင်ကြီး ကျေးဇူးပြုပြီး ယုံကြည်ပေးပါ...သူ့ရဲ့ ပျော်ရွှင်မှုကိုမနှောက်ယှက်ပါဘူးလို့ ကျွန်မကတိပေးပါတယ်။"

ဘလက်ကီ၏ အေးစက်လှသည့် အရှိန်အဝါမှာ ရုတ်ချင်း ပျောက်ကွယ်သွားခဲ့ပြီး သာမန် ခွေးတစ်ကောင် အသွင် ပြောင်းလဲသွားသည်။ သူက အေးစက်စက်နှင့် လှည့်၍ထွက်သွားခဲ့၏။

ကျုပ်ကဆရာကြီး(1-ongoing)Tempat cerita menjadi hidup. Temukan sekarang