122+123

1.1K 173 2
                                    

#ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ  - တင်အောင်ခိုင်
အခန်း ၁၂၂
(ပိုက်ဆံမရှိဘူး)

မီးတောက်များမှာ ရုတ်ချင်း အေးခဲသွားကြသည် ။ ထိုအရာက  ကြည့်နေသည့်လူများကို တုန်လှုပ်သွားစေသည်။ သူတို့၏ ခန်ဓါကိုယျ တစ်ခုလုံးပင်လျှင် အေးခဲသွားသည်ဟု ခံစားရရုံ သာမက ကြက်သီးမွှေးညင်းများပင် ထသွားခဲ့ကာ ထခုန်လုမတက်ဖြစ်ရသည်။

ဤကမ္ဘာတွင် မဟာယန ကျင့်ကြံသူများမှာ သူတို့ကိုယ် သူတို့ စွမ်းအင်လှိုင်းများဖြင့် ကာကွယ်ပြီး မီးပင်လယ်အား ဖြတ်သန်းသွားနိုင်ကြသည်။ သိူ့သော်လည်းပဲ ၎င်းက လွယ်ကူခြင်းတော့ မဟုတ်ချေ။

သို့သော်တ့ကျီက ထိုမီးပင်လယ်အား ကာကွယ်နိုင်ရုံသာမက လက်တစ်ချောင်းနှင့်ပင် ၎င်းတို့အား အေးခဲသွားစေသည်။

ဒါဘယ်အဆင့်လဲ....

ဒါသေချာပေါက် အင်မော်တယ်တွေရဲ့ စွမ်းရည်ပဲ...

သူတို့ တ့ကျီအပေါ် မြင်သည့်အမြင်များမှာ ယခင်ကနှင့်မတူ ပြောင်းလဲသွားခဲ့သည်။ သူတို့လေးယောက်လုံး သူမထံမှ အနောက်သို့ ခြေတလှမ်းပင် ဆုတ်မိလိုက်၏။ ချင်မင်ယွင် က မယုံနိုင်စွာ ကြည့်လာခဲ့ကာ မေးလာသည်။

"အင်မော်တယ် တံတားက ကျိုးပျက်သွားခဲ့ပြီ မဟုတ်လား ဘယ်လိုလုပ်...."

ဤကမ္ဘာရှိ အဆင့်မြင့်ဆုံးသော ကျင့်ကြံခြင်း အဆင့်မှာ မဟာယန အဆင့်သာဖြစ်ကြောင်း လူတိုင်း သိကြသည်။ မရေမတွက်နိုင်သည့် နှစ်ပေါင်းများစွာ အတွင်း အင်မော်တယ် ဖြစ်သွားသည် ဟူသော သတင်းအား မည်သူမှ မကြားခဲ့ရချေ။ ထိုသည်တောင်မှ တ့ကျီထံတွင် သေချာပေါက် အင်မော်တယ်များ၏ စွမ်းရည်တစ်ခု ရှိနေခဲ့သည်။

ဒါဆိုရင် အင်မော်တယ် တံတားက မကျိုးပျက်ခဲ့ဘူးလား....ပြီးတော့ ဘာကြောင့်မို့ တ့ကျီက အင်မော်တယ် လိုမဟုတ်ရတာလဲ...

ချင်မင်ယွင်၏ အတွေးများမှာ ပြန့်ကျဲနေခဲ့သည်။ သူမ အဓိပ်ပါယျမရှိဘူးဟု ခံစားနေရ၏။ သူမ တွေဝေနေသည်အား မြင်သည်တွင် တ့ကျီပြောလာခဲ့သည်။

"ဆရာသခင်ရဲ့ အမြင်မှာ အင်မော်တယ် ဖြစ်ဖြစ် သာမန်လူဖြစ်ဖြစ် ကွဲပြား ခြားနားမှုမရှိဘူး... ဆရာသခင်ရဲ့ အတွေး တွေကို သာမန် အယူအဆနဲ့ သုံးသပ်မယ်ဆိုရင် လုံးဝကို မှားယွင်းနေလိမ့်မယ် ..."

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now