35

1.4K 192 2
                                    

Uni
=======
#ကျုပ်ကဆရာကြီး
အခန်း ၃၅
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
(ရှေ့မှာ မိစ္ဆာ)

ဒီလောက်လှပတဲ့ သောက်သုံးစရာဒါ ဖရဲသီးဖျော်ရည်တဲ့လားတကျီ မှာ သောက်လိုက်ရန် အတွက်ပင် တော်တော်လေး နှမြောနေမိသည်။

အင်မော်တယ်ကမ္ဘာတွင် သစ်သီးရည်မှာ ရှားပါးသည်။ ရေ နှင့် သေရည်မှ လွဲလျှင် အင်မော်တယ်ကမ္ဘာ၌ သောက်သုံးစရာ မရှိချေ။ ဒါ့အပြင် ဖျော်ရည်ထဲတွင် စုပ်ယူ၍ ရသည့် ပြွန်တစ်ချောင်း ရှိနေသေးသည်။ တ့ကျီ ၄င်းအား တစ်ခါ မှ မမြင်ဖူးသော်လည်း ၄င်း၏ အသုံးဝင်ပုံကိုတော့ ခန့်မှန်းနိုင်သေးသည်။

စိတ်ဝင်စားဖို့ ကောင်းလိုက်တာ

သခင်လေးလီ အနားမှာ ရှိတဲ့ အရာရာတိုင်းက တကယ်ကို အံသြစရာတွေနဲ့ ပြည့်နေတာပဲ..

ဖျော်ရည်အား လေ့လာပြီးနောက် ကောက်ယူလိုက်ကာ အနည်းငယ် စုပ်သောက်ကြည့်လိုက်သည်။

လတ်ဆတ်အေးမြသည့် ဖရဲသီးဖျော်ရည် များက သူမ ခံတွင်းထဲ စီးဆင်းသွားခဲ့ကာ အရသာခံဖုလေးများအား နိူးဆွသည်။

ဟင်

ကောင်းလိုက်တာ

ဖရဲသီး၏ ပြီးပြည့်စုံမှုမှာ ဖျော်ရည်ထဲ ပါဝင်နေသည်။ ပါးစပ်ထဲရောက်သည်နှင့် အာရုံကြောများထိတိုင်အောင် လန်းဆန်းသွားစေသည်။ တ့ကျီ လျှာဖျားလေး နှင့် ပင် နှုတ်ခမ်းအား သပ်မိလိုက်၏။ စစ်တုရင် ကစားရာမှ ရရှိခဲ့သော ပင်ပန်းမှုများပင် ပျောက်ကွယ်သွားသည့်အလားပင်။ သူမ ကိုက်ဝါးစရာပင် မလိုအပ်ချေ။ ၄င်းတို့အားလုံး မှာ ပျော်ဝင်လျက် ခံတွင်းမှ တဆင့် စီးဆင်းနေလေသည်။ ၄င်းက သစ်သီးစားရသည် နှင့် ဘာဆိုဘာမှ မတူပေ။

ဂလု

ရုတ်ချင်းပင် သူမ၏ ဆဲလ်များပင်လျှင် ပျော်ရွှင်ဝမ်းမြောက်မှု ဖြင့် ကခုန်နေသည့်အလား ထင်ရကာ ရင်ထဲ စိတ်လှုပ်ရှားနေမိ၏။

အရမ်း အရသာ ရှိတာပဲ..

အရမ်းကောင်းတယ်

သူမ နှစ်တစ်ထောင် နေခဲ့ရသော်လည်း ထို မျှ ကောင်းမွန်သည့် စိတ်ကျေနပ်မှုအား ခံစားရခြင်းမှာ ပထမဆုံး အကြိမ်ပင်။

ကျုပ်ကဆရာကြီး(1-ongoing)Onde as histórias ganham vida. Descobre agora