210+211+212

969 137 1
                                    

ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၂၁၀
(စိတ်မပူပါနဲ့...ငါ တော်ပါတယ်)

များပြားလွန်းသော စိတ်ဝိဥာဉ် ချီစွမ်းအင် ပမာဏများ ဆူနာမီလှိုင်းများကဲ့သို့ အလုံးအရင်း ပေါ်ထွက်စီးဆင်းနေကာ အင်မော်တယ်တစ်ကမ္ဘာလုံးအား လွှမ်းခြုံထား၏။

အရမ်းကို များလွန်းတယ်...

အရမ်းကို သိပ်သည်းလွန်းနေတယ်....

ထိုအချင်းအရာကြောင့် အသက်ရှူရန်ပင် ခက်ခဲလှသည်။

အင်မော်တယ်ကမ္ဘာနှင့် အထက်အင်မော်တယ်ဘုံ၏ကြားရှိ ဆက်နွယ်မှု တံတား ပျက်စီးနေခြင်းမှာ အမှန်တရားဖြစ်သည်။ ထို့ကြောင့် စိတ်ဝိဥာဉ်ချီစွမ်းအင်များ အင်မော်တယ် ကမ္ဘာတွင် လျော့နည်းလာခဲ့ခြင်း ဖြစ်သည်။ ဤ ပျက်စီးနေသော အခြေအနေကြောင့် အင်မော်တယ်တစ်ပါး ဖြစ်လာရန် မဖြစ်နိုင်ချေ။ ကျင့်ကြံခြင်း မရှိတော့သော ခေတ်ဆီသို့ပင် ဦးတည်နေပုံရသည်။

သို့သော်လည်း ယခုတွင် စိတ်ဝိဥာဉ် ချီစွမ်းအင်များ ပြန်လည် ထွက်ပေါ်နေသည်။

အထူးသဖြင့် ကွမ်းလောင်အင်မော်တယ် မင်းဆက်နန်းတော်တွင် ဖြစ်သည်။ ထိုနေရာတွင် စိတ်ဝိဥာဉ် ချီစွမ်းအင်များ အများဆုံး ရှိနေပြီး နဂါးတစ်ကောင် ပုံစံ စုစည်းမိသွားကာ နေရာအနှံ့ ကကြိုးဆင်နေတော့၏။

စိုက်ပျိုးမြေ မဖြစ်ထွန်းသော လွင်ပြင်များနှင့် မြေဆီလွှာ အဝါရောင် ရှိနေသော တောင်ဘက်ပိုင်းတွင်ပင် ခြောက်သွေ့နေသော သစ်တောများမှာ စိတ်ဝိဥာဉ် ချီစွမ်းအင် နဂါး တစ်ခါ ဖြတ်သန်းသွားတိုင်း ပြန်လည် စိမ်းစိုလာသည်။စွန့်ပစ်နယ်မြေမှ အပင်ငယ်များ စတင်၍ အညှောင့်ပေါက်လာကာ မြစ်များ ရေကန်များအတွင်းတွင် ကြည်လင်သောရေများ ပြန်လည် စီးဆင်းလာသည်။

ရွှေကြာပွင့် ဂိုဏ်းတွင် 

မိန်းကလေးငယ်တစ်ဦး စွမ်းအားများ ကျင့်ကြံနေစဉ် ရုတ်တရက် သိချင်စိတ်ဖြင့် သူမ မျက်လုံးများအား ဖွင့်လိုက်သည်။
ရုတ်တရက်ကြီး ဒီိနားမှာ ဘာဖြစ်လို့ စိတ်ဝိဥာဉ်ချီစွမ်းအင်တွေ များသွားရတာလဲ....ချိုးဖြတ်မှူ လမ်းပေါက်ကျဉ်း တောင် ရုတ်တရက် အသုံးမဝင်တော့ပါလား...ဘာပဲဖြစ်ဖြစ် တတ်နိုင်သမျှ များများ ချီစွမ်းအင်တွေကို စုပ်ယူလိုက်ရမယ်

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now