366+367+368+369+370

914 81 8
                                    

ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း - ၃၆၆
(ဒါက အပိုဆု ဖြစ်သင့်တယ်လို့ ကျုပ်ထင်တယ်)

ပင်မခန်းမထဲတွင် လီနင်းဖန် အပါအဝင် လူတိုင်းမှာအံဩသင့် တုန်လှုပ်နေကြသည်။

ရုတ်ချင်း စေတီမှာသိပ်သည်းလာခဲ့ပြီး အလွန်အမင်းလွှမ်းမိုးနိုင်စွမ်းရှိသော အော်ရာများကို ထုတ်လွတ်နေခဲ့သည်။ လူတိုင်းမှာ အသက်ရှင်ရန်ပင် ခက်ခဲလှ၏။

လီနင်းဖန် ရုတ်တရက်ပြောလာခဲ့သည်။
ကျီးဆစ်ရဲ့ခန္ဓာကိုယ်က .

ကျီးဆစ်ရဲ့ ခန္ဓာကိုယ်မှာ ရွှေရောင်အသွင်ကူးပြောင်းကာ တစ်စတစ်စ တောက်ပလာသည်။ ရွှေသလင်းကျောက်များဖြင့် ပြုလုပ်ထားသည့်အလားပင် ထင်ရ၏။ စေတီ၏အလင်းမှာလဲ တောက်ပလာခဲ့ကာ နောက်ဆုံး၌ သူ၏ခန္ဓာကိုယ်ထဲသို့ ပျော်ဝင်သွားတော့သည်။

ယွမ်ယိယိသည်လည်း ထပ်တူညီစွာပင်..

သူမ၏ ခန္ဓာကိုယ်တွင် ကြာပန်းနံဖြင့်ပေါင်းစည်းကာ ခရုလိမ်တံတားတစ်ခု အသွင်ဖြစ်တည်သည်။

ဝုန်း

ထိုနောက်တွင် ရွှေရောင်စေတီနှင့် အနက်ရောင်ခရုပတ်လမ်းတို့မှာ မတူညီကွဲပြားသည့် ဦးတည်ရာများသို့ ပျံနှံသွား၏။

ဝုန်း.

ကမ္ဘာမြေပင်တုန်လှုပ်ရကာ မြေအောက်ကမ္ဘာတစ်ခုလုံးပင် လှုပ်ခါသွားသည်။

အဖြူ၊ အနက် အနိစ္စအရှင်နှစ်ပါး သွေးပင်လယ်စစ်သူကြီး နှင့် မုန့်ပိုတို့မှာ သူတို့၏စိတ်နှလုံးများ အလွန်အမင်း ခုန်နေသည်ကို ခံစားနေရသည်။
သူတို့ ဖြစ်နိုင်ချေများစွာအား တွေးတောနေမိသည်။ တစ်ဆက်တည်း အသက်အား ခဲရင်းစွာရှူသွင်းနေ၏။ သူတို့ မည်သို့မျှ မလုပ်နိုင်သော်လည်းပဲ ၎င်းအား အတည်ပြုနိုင်သည်။

အဲ့ဒါ သက်ဆင်းလာခဲ့ပြီ.
ငရဲကြီးရှစ်ထက်နှင့် ပြန်လည်မွေးဖွားခြင်းလမ်းကြောင်းမှာ မြေအောက်ကမ္ဘာတွင် ပြန်လည် ထွက်ပေါ်လာခဲ့သည်။

မယုံနိုင်စရာပဲ မြေအောက်ကမ္ဘာက အခုအခြေခိုင်သွားပြီ.
သူတို့စိတ်ထဲ အံဩသင့်တုန်လှုပ်မှုများက ပြည့်နှက်နေလေသည်။ သို့သော်လည်းပဲ သူတို့၏အနောက်တွင် ဆရာကြီးရှိနေသည်။ လီနင်းဖန်က မလှုပ်ရှားသည့်အတွက်ကြောင့်မို့ သူတို့၏စိတ်လှုပ်ရှားကိုလည်း လွန်စွာထိန်းသိမ်းနေရသည်။ သူတို့အလျှင်စလို ပြုမှု၍ မဖြစ်ပေ။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now