274+275+276+277+278

983 110 4
                                    

ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အပိုင်း ၂၇၄
(တကျီနှင့် မေတ္တာလက်ဆောင် )

ဘုန်း.....

ငါးရောင်ခြယ်နွားက ခြေကို ဆောင့်၍,ဆောင့်၍ ကန်နေသည်။

ထိုအခါ မြေပြင်မှာ ဟက်တက်ကွဲလာပြီး နေရာတိုင်းတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ် လာတော့သည်။ လျူယန် နန်းတော်၏ ကျောင်းတော်သားများ အလန့်တကြား ထွက်ပြေးနေ ကြသဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်နေသည်။

များမကြာမီ အက်ကွဲကြောင်းများက တစ်ဝက်သာကျန်တော့သော လင်းယန်နန်းတော် အထိ ရောက်ရှိလာလေသည်။

ကြေမွပြိုချသံများ ကြားလိုက်ရသည်။

တစ်ဝက်ကျန်သေးသော လင်းယန်နန်းတော်လည်း တစ်စစီ ပြိုကျသွားတော့သည်။ အပျက်အစီးပုံများက လေထဲတွင် လွင့်ဝဲနေကာ အင်မော်တယ်သခင်ခင် တစ်စစီ ဦးတည် လာနေ၏။

သူ့စိတ်ဓါတ်များလည်း ထိုနန်းတော်ကဲ့သို့ တစ်စစီပင်။ သည်လောက် ရက်အနည်းငယ် အတွင်း လျူယန်နန်းတော်ကြီး အစရှာမရအောင် ပျက်စီးသွားလိမ့်မည်ဟု တွေးပင် မတွေးခဲ့ဖူးခြင်းဖြစ်သည် ။ သူ့တွင် ဘာမှ ကျန်မနေခဲ့တော့ပေ။

ဘဝသည် မျှော်လင့်မထားသည်များပဲ ဖြစ်ပျက်တတ်သည်။

ထိုနောက် သူအော်ပြောရသည်။  မြန်မြန် ... တပည့်တိုင်း... မန္တန်တွေအသက်သွင်းကြမယ်... မြန်မြန်လုပ်မယ်... မြန်မြန်... ဒီနွားက ရူးနေပြီ....

ကျောင်းတော်သားများက ခြေကုန်လက်ပမ်းကြနေကြပြီ။ အတိဒုက္ခကြီးကို ခံရာတွင် သူတို့ မန္တန်များကို အသက်သွင်းခဲ့ပြီး ဖြစ်ရာ ဒဏ်ရာဒဏ်ချက်များလည်း ရရှိခဲ့ကြသည်။ ယခုတစ်ကြိမ်တွင် တိုင်ယိအဆင့် ရွှေအင်မော်တယ်နွား ရောက်လာကာ သူတို့ကို ဒုက္ခ ပေးနေပြန်သည်။

သည်လိုနှင့်ပဲ သူတို့သေသွားမည်ကိုပင် စိုးရိမ်နေရပြီ။

သို့သော်လည်း မကြာခင်တွင် သူတို့မန္တန်များကို စုစည်းကြရသည်။ ထိုအခါ အဆုံးမရှိ စိတ်စွမ်းအင် ရောင်ဖြာများ ကောင်းကင်သို့ ဖြာထွက်ကာ အကာအကွယ် မန္တန်ကြီးလည်း အသက်ဝင်လာခဲ့သည်။

ကျုပ်ကဆရာကြီး(1-ongoing)Donde viven las historias. Descúbrelo ahora