45

1.3K 183 1
                                    

Uni
=======
#ကျုပ်ကဆရာကြီး
အခန်း ၄၅
ဘာသာပြန်သူ - တင်အောင်ခိုင်
(ဆန်းကြယ်နက်နဲသော ကမ္ဘာကြီး )

ချင်မင်ယွင် သူမ၏ မျက်လုံးများကို လက်ဖြင့် ပွတ်လိုက်မိသည်။ သူမ သွေးလေခြောက်ခြားနေသည်ဟု စိတ်ထဲ ထင်လိုက်မိ၏။ သူမ နောက်တစ်ကြိမ် ထပ်ကြည့်လိုက်သောအခါ တော်ဝင်ဧကရာဇ်မှာ တစ်ယောက်တည်း ရောက်ရှိလာခြင်း မဟုတ်ချေ။ ကျောင်းရှူ လည်း သူ့အနားတွင် ရှိနေသည်။

သူတိုဒီကို ဘာလာလုပ်ကြတာလဲ......

ပုံပြင်နားထောင်ဖို အတွက်လား.....

လျိုရှီယူ၏ အသက်အရွယ်မှာ ငယ်ရွယ်သောကြောင့် သူမ ဤနေရာတွင် ရှိနေသည်မှာ အဓိပ်ပါယျရှိသညျ။
သိုသော် သူတို့မှာ နှစ်ပေါင်း ရာပေါင်းများစွာ ရှင်သန်နေထိုင်ပြီးလေပြီ ဖြစ်သည်။

သူတိုအတွက်မူ ပုံပြင်တစ်ပုဒ်အတွက်ကြောင့် ဤနေရာသို လာရောက်ရသည်မှာ အဓိပ်ပါယျ မရှိပေ။ နောက်နေခြင်းသာ ဖြစ်ရမည်။ တော်ဝင်ဧကရာဇ်မှာ လွန်ခဲ့သော အချိန်တစ်ခဏတွင် ဒေါသ အလွန်ထွက်နေသော်လည်း ယခုမူ သူ၏မျက်နှာ၌ ဒေါသများ မရှိတော့သကဲ့သို ပြောင်းလဲနေသည်။

ဒေါသဖြစ်စေသော အဖြစ်အပျက်များ ကြုံတွေ့ခဲ့သော်လည်း သ ူဤနေရာကို အလောတကြီး ရောက်လာခဲ့ခြင်းမှာ ပုံပြင်နားထောင်ဖို အတွက်ကြောင့်လား.....

ဆန္ဒစောနေဟန်ရှိသော တော်ဝင်ဧကရာဇ်၏ မျက်နှာအား မြင်နေရခြင်းကြောင့် သူသည် ဤနေရာကို ပုံပြင်နားထောင်ရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း ပေါ်လွင်နေသည်။

တော်ဝင်ဧကရာဇ် ရောက်လာသော အခ်ျိန်မှာ နောက်ကျနေသောကြောင့် ထိုင်ခုံနေရာများပင် မရှိတော့ပေ။ အာဏာရှိသော ဧကရာဇ်တစ်ပါး အနေဖြင့် ထိုင်ခုံနေရာ တောင်းရမည့်အစား တည်ငြိမ်စွာ အာရုံစူးစိုက်နေကာ လူအုပ်၏နောက်တွင် ကုပ်ကုပ်လေး မတ်တပ်ရပ်နေလေသည်။

တစ်ချိန်တည်း သူ လျိုရှီယူနှင့်ချင်မင်ယွင် အား လူအုပ်ကြားတွင် တွေ့လိုက်ရသည်။ သူတိုးညှင်းစွာ လှမ်းပြောလိုက်သည်။
ရှီယူ နင်မသိတတ်လိုက်တာ ဒီကိုစောရောက်နေပြီးတော့ အဖေ့အတွက် နေရာတစ်နေရာတောင် မရှာပေးထားဘူး

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now