170+171+172

1K 161 4
                                    

ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အပိုင်း ၁၇၀
(သိပ္ပံပညာ အတွက် အနစ်နာခံ)

ဘွန်း.....

ကောင်းကင်နှင့် မြေကြီးကြားမှ နေရာလွတ်တွင် မိုးကြိုးလှိုင်း အထပ်ထပ်ဖြင့် ရက်ကန်း ရက်ထား သကဲ့သို့ ရှုပ်ထွေးနေသည်။

တီကောင်နှင့်တူ၍ နူးညံ့သော အဖြူရောင် ချီအမျှင်တန်းများသည် တကျီ၏ လက်ချောင်း ထိပ်တွင် ဘယ်မှညာသို့ တလွန့်လွန့် တွန့်လိမ်သွားလာ နေကြသည်။ အဖြူရောင်ချီများသည် သိပ် မများလှသော်လည်း အလင်းအရင်းအမြစ် တစ်ခုကဲ့သို့ ဖြစ်နေသည်။ ၎င်းက ပတ်ဝန်းကျင် ကို အလင်းရောင် မှိန်ဖျော့ဖျော့ ထုတ်လွှတ်နေလျှက် ရှိသည်။

ရုတ်ချင်းပင် ကြောက်ရွံ့ ဖွယ်ဖြစ်သော အဖြူရောင် အသက်စွမ်းအင် ထွက်လာကာ လူကို ခိုက်ခိုက် တုန် သွားစေသည်။

မြေခွေးလေးသည် ထို အသက်စွမ်းအင်းကို မျက်တောင်မခတ်ငေးကြည့် နေမိသည်။
  အမ.... အဲ့ဒါ အင်မော်တယ်ချီတွေလား....

ဟုတ်တယ်... စကားမပြောနဲ့.. တကျီ မျက်နှာမှာ အလေးအနက်ဖြစ်နေ၏။ သူမ၏ လက်ချောင်းကို ရွေ့လျားလိုက်သောအခါ ထိုအဖြူရောင် စွမ်းအင် သည် မြေခွေး လေး ၏ ခန္ဓာကိုယ်တွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားတော့သည်။

ကလစ်...

ချက်ချင်းမှာပင် ထိုချီစွမ်းအင်တို့သည် အဆုံးမရှိသော စွမ်းအင်စီးကြောင်းများ အဖြစ် ပြောင်းသွားကာ မြေခွေးလေး၏ ခန္ဓာကိုယ်တစ်ခု လုံး ထံသို့ စီးဝင်သွားတော့သည်။

မြေခွေးလေးသည် ၎င်း၏ခန္ဓာကိုယ်မှာ အလွန်ပေါ့ပါးနေကြောင်း ခံစားလိုက်ရသည်။ ပထမတွင် ပေါ့ပါးမှု အချို့ခံစားရသော်လည်း ဘာမှဆက်မဖြစ်တော့ပေ။ မကြာမှီတွင် မြေခွေးလေး ခေါင်းကို ပွတ်ကာ
ဟင်.... အမ... ပြီးသွားပြီလား...

တကျီလည်း အနည်းငယ် ကြောင်အနေလျှက်ရှိသည်။
အမလည်း သိပ်မသေချာဘူး... ချက်ချင်း အစွမ်းမပြဘူးနဲ့ တူတယ်... အင်မော်တယ်ချီတွေက နင့်ရဲ့ သွေးအမြုတေ ကို နောက်မှ တဖြေးဖြေး လှုပ်နိုးပေးမှာလည်း ဖြစ်နိုင်တာပဲ..

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now