57

1.2K 156 0
                                    

Uni
=======
#ကျုပ်ကဆရာကြီး
ဘာသာပြန်သူ - တင်အောင်ခိုင်
အပိုင်း ၅၇
(ဒေါသထွက်နေသော ငွေလနတ်ဆိုးဘုရင်)

အားလုံးထွက်ခွာလာခဲ့ပြီးနော် ပုံရိပ်နှစ်ခုမှာ ထိုနေရာသို့  ဟင်းလင်းပြင် ကူးပြောင်း၍ ပြန်လည် ရောက်ရှိလာခဲ့၏။

ထိုနှစ်ယောက်မှာ ပိုင်ဝူချန်း နှင့် ကျောကိလောင်တု တို့ပင်ဖြစ်သည်။  မကြာခင် ပုံရိပ်များစွာ သည်လည်းပဲ ထိုနေရာသို့ရောက်ရှိလာပြန်သည်။

ပိုင်ဝူချန်းနှင့် ကျောက်လောက်တုတို့က လေးနက်စွာကြည့်လိုက်ကာ

"နှုတ်ဆက်ပါတယ် ခေါင်းဆောင် လျောင်"
လျောင်မန်ကျိ က သူ၏မုတ်ဆိတ်တွေကို သလိုက်ကာ ပြုံးလိုက်သည်။

"အားလုံးက သခင်လေးလီရဲ့ ဧည့်သည်တွေပဲ အားမနာကြပါနဲ့ "
သူ၏ လက်ထဲတွင် အဖြူရောင်မြေခွေး တစ်ကောင်ရှိနေ၏။

လျောင်မန်ကျိက လက်အား ဖြန့်လိုက်ပြီးနောက် ထိုမြေခွေးလေးအား သွားခွင့်ပေးလိုက်သည်။

ကိုးမြှီးမြေခွေး၏ ပုံရိပ်မှာပျောက်ကွယ်သွားပြီး သာမန်အဖြူရောင် မြေခွေးတစ်ကောင်အဖြစ် အစားထိုးလိုက်သည်။

လျောင်မန်ကျိက ၄င်းအား ကိုးမြှီးမြေခွေး ဟု လူအများထင်စေရန် ပုံရိပ်ယောင် အစီအရင်တစ်ခု ခင်းကျင်း ထားခဲ့ချင်းဖြစ်သည်။

သူတို့က အစီအစဉ်တိုင်း လုပ်ခဲ့ကြပြီး ပြီးပြည့်စုံအောင် အောင်မြင်သွားခဲ့သည်။

သူတို့ ကျင့်ကြံသူများအား မောင်းထုတ်စေခဲ့ပြီး ကိုးမြှီးမြေခွေးအား လက်လျော့သွားရန် ဆောင်ရွက်ခဲ့ချင်းဖြစ်သည်။ မဟုတ်လျှင် သူတို့သာ ကတောက်ကစ ဖြစ်ပြီး တိုက်ကြလျှင် ဆရာကြီးအား စိတ်အနှောက်ယှက်ဖြစ်စေလိမ့်မည်။

ကောင်းမွန်စွာ ပြောပြလျှင်တောင်မှ သူတို့စကားအား မည်သူမျှ နားထောင်လိမ့်ကြမည် မဟုတ်ချေ။

ထိူ့ကြောင့်မို့ သူတို့ ထိုကဲ့သို့သော အစီအစဉ်အား ရေးဆွဲခဲ့ကြခြင်း ဖြစ်သည်။

သူတို့မှာ ကျင့်ကြံသူများ ဆရာကြီးအား မနှောက်ယှက်မိစေရန် အရူးလုပ်ခဲ့ကြခြင်း ဖြစ်သည်။ ယခု၌ ပြီးပြည့်စုံအောင် အောင်မြင်သွားလေပြီ ဖြစ်၏။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now