120+121

1.2K 173 3
                                    

#ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၁၂၀
(ဗျပ်စောင်းတေးသံနှင့် ဥက္ကာခဲ ကြွေကျမှု)

တော်ဝင်ဧကရာဇ်နှင့် အခြားသူများ ပင့်သက်ရှိုက်မိသွားကြသည်။ သူတို့ ပါးနပ်နေကြပြီဖြစ်သဖြင့် ဤဖြစ်ရပ်မှာ မည်သူနှင့် ဆက်စပ်မှု ရှိနေကြောင်း သတိထားမိလိုက်ကြ၏။

ကျုပ်....ကျုပ် လုံးဝမထင်ထားခဲ့ဘူး.... သခင်လေးလီ အဲ့လိုပြောခဲ့တယ်.... ပြီး.... ပြီးတော့အခု မီးလွင်ပြင်က အခုလို ဘေးဘက်ကို ရွေ့သွားတော့တာပဲ

ကျိုးတချန် ထိုသို့ ပြောလိုက်ကာ သူ၏ အရိုးထဲထိ အေးခဲသွားလျက် တစ်ကိုယ်လုံးတွင် ကြက်သည်းများ ထသွားသည်။

ကြောက်စရာ ကောင်းလိုက်တာ.....

လုံးဝ ကြောက်စရာ ကောင်းလိုက်တာ......

ဆရာကြီးနှင့်ပတ်သက်၍ ကြောက်စရာများဖြင့် ပြည့်နှက်နေသော အကြောင်းများအား သူ ယခင်က ကြားဖူးခဲ့သော်လည်း သူကိုယ်တိုင် ကိုယ်တွေ့ မမြင်ဖူးခဲ့ချေ။ ဤသည်မှာ သူ့အတွက် ပထမဆုံး အကြိမ် ဖြစ်သောကြောင့် ထိုသို့ အဖြစ်အပျက်များနှင့် ကျင့်သားရပြီးသား ဖြစ်သော ချင်မင်ယွင်နှင့် အခြားသူများနှင့် မတူကာ ပို၍ အံ့အားသင့်နေ ရသည်။ သူတို့မှာ သူ့ထက်ပို၍ စိတ်ထိန်းနိုင်ကြ၏။

နတ်ဘုရားများအား တွေ့မြင်လိုက်ရသော သာမန်လူတစ်ယောက်နှယ် သူ အံ့သြနေရသည်။ သူ အလွန်အမင်း စိတ်လှုပ်ရှားကာ ကြောက်ရွံ့နေတော့၏။

ဆရာကြီး၏ အမိန့်ပေးခဲ့မှုကြောင့် မီးလွင်ပြင်မှာ လမ်းဖယ်ပေးခဲ့ခြင်းသာ ဖြစ်ရမည်။ မည်သို့သော သာမန်လူတစ်ယောက်က ထိုသို့ ပြုလုပ်နိုင်မည်နည်း။

ဆရာကြီးက ကျွန်တော်တို့ မျှော်လင့်ထားသလို ကံကောင်းမှာပါ ဟု ပြောခဲ့သောကြောင့် သူတို့ ကံကောင်းခဲ့ရလေပြီ။

ဘာ့ကြောင့်လဲ......

မီးလွင်ပြင်ကလည်း ဆရာကြီးရဲ့ အထင်ကြီးမှုကို ခံချင်တာလား.....

သူက နတ်ဘုရားတွေရဲ့ အရှင်သခင်ကြီးလား......

သူ မရှာတွေ့နိုင်သော လျှို့ဝှက်ချက် ကြီးကြီးမားမားတစ်ခုအား ရှာတွေ့လိုက်ရသည့်အတိုင်း ကျိုးတချန် ခံစားလိုက်ရသည်။

ကျုပ်ကဆရာကြီး(1-ongoing)Onde histórias criam vida. Descubra agora