28

1.3K 193 0
                                    

Uni
======
#ကျုပ်ကဆရာကြီး
အခန်း ၂၈
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
(မိုးကြိုး နှင့် အသွင်ပြောင်းခြင်း )

ထို နှင်းကဲ့သို့ ဖြူစွတ်သော မြေခွေး နှစ်ကောင်မှာ နတ်သူငယ်များကဲ့သို့ တောအုပ်ထဲသို့ ပြေးဝင်သွားသည်။ အမြှီးကိုးချောင်း မြေခွေး၏ မျက်လုံးများမှာ မှုန်မှိုင်းနေခဲ့ကာ တစ်စုံတစ်ခု အား အလေးအနက် စဉ်းစားနေဟန် ရသည်။

အစ်မကျေးဇူးပြုပြီး အသွင်မပြောင်းလိုက်ပါနဲ့လားတောထဲမှာပဲ ပုန်းနေကြရအောင်လေ အမြှီးခြောက်ချောင်း မြေခွေးမှာ စိုးရိမ်နေဟန် ရသည်။ သူမ၏ စကားသံ လေးမှာ ဆယ်ကျော်သက်မလေး အလား ချစ်စရာကောင်းနေလေသည်။

ကိုးမြှီးမြေခွေး မှာ ဆုံးဖြတ်ချက် ချထားပြီးဟန်ဖြင့် ခေါင်းခါယမ်းလိုက်လေသည်။
လူသားနဲ့ မကောင်းဆိုးဝါးက မတူဘူးငါ အသွင်ပြောင်းပြီးမှ သူ့အပေါ် ပြန်ပြီး ကျေးဇူးဆပ်လို့ရမှာ

ငါတို့ အသွင်မပြောင်းရင်တောင် သူ့ကို လျိုဝှက် ကာကွယ်ပေးနေလို့ရတာပဲလေ မဟုတ်ဘူးလား ခြောက်မြှီး မြေခွေးမှာ သူ့အစ်မအား နားမလည်ဟန်ဖြင့် ပြောလာသည်။

ကိုးမြှီး မြေခွေးလေး မှာ သူမ ရင်ထဲရှိ ပုံရိပ်အား ပြန်လည် မြင်ယောင်လိုက်ဟန် ရသည်။ သူမ လေသံနိမ့်နိမ့်ဖြင့်
နင် နားမလည်နိုင်ပါဘူးး

ထိုနေ့က ကိုးမြှီး မြေခွေးမလေး မှာ သေမလို ဖြစ်သည်အထိ ဒဏ်ရာ ရခဲ့သည်။ ထိုစဉ် လူငယ်လေး တစ်ယောက်က သူမ၏ ဒဏ်ရာများကို ကုသပေးကာ အသက်ကယ်တင်ခဲ့သည်။ ထို သာမန်လူငယ်လေး က သူမ ဒဏ်ရာများအား မည်သို့ ကုသပေးခဲ့သည်အား မသိသော်လည်း ထိုနေ့မှစ၍ သူမ ကျင့်ကြံခြင်းမှာ လျင်မြန်စွာ တိုးတက်လာခဲ့ကာ အမြှီးကိုးချောင်း အဆင့် အထိ လည်မြန်စွာ ဖွဲ့တည်နိုင်ခဲ့သည်။

ခြောက်မြှီးမြေခွေးမလေး က ဆူအောင့်လိုက်ပုံရသည်။
အစ်မ  အသွင်ပြောင်းလဲတာက ကြောက်ဖို့ကောင်းတယ်အစ်မ သေမှာကို ညီမ မကြည့်ရက်ဘူးအစ်မ မရှိတော့ရင် ညီမ ဘယ်လို အသက်ရှင်ရတော့မှာလဲ

နင် ကိုယ့်ဘာသာကိုယ် ကာကွယ်နိုင်ပါတယ်ငါ အသွင်ပြောင်းပြီးရင်တောင် နင့်ဆီက ကာကွယ်မှု လိုနေဦးမှာ ကိုးမြှီးမြေခွေးလေးက ပြောလာခဲ့သည်။ သူမ မျက်လုံးများက ကျဉ်းမြောင်းနေခဲ့ကာ အနောက်ရှိ အမြှီးတို့သည်လည်း ကခုန်နေခဲ့သည်။
ငါ မကြာခင် အသွင်ပြောင်းနိုင်မယ့် အခွင့်အရေး လာတော့မယ် လို့ ခံစားနေရတယ် ထိုသို့ ပြောပြီးသည် နှင့် အနီးရှိ ခြုံပုတ်တစ်ခုအား ခုန်ကျော်ကာ တောထဲသို့ လေကဲ့သို့ အမြန်နှုန်းဖြင့် ပြေးဝင်သွားလေသည်။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now