14

1.4K 204 0
                                    

Uni
=======
#ကျုပ်ကဆရာကြီး
အပိုင်း (၁၄)
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
(တစ်စုံတစ်ယောက်အား ကယ်တင်ခြင်း)

လွန်ခဲ့သည့် ရက်များကဲ့သို့  သူ့ထံ အလည်လာမည့် မရှိတော့သည်ကြောင့် လီနင်းဖန်ရဲ့ဘ၀ဟာလည်း ယခင်လိုပဲ အေးအေးဆေးဆေး ပြန်ဖြစ်သွားခဲ့လေသည်။

သူ ဗိုက်ဖြည့်ပြီးသည်နှင့် ငါးမျှားတံ အား ယူကာ အနောက်ဘက် ခြံဝန်းထဲသို့ ထွက်လာခဲ့သည်။ လျိပျသညျ  ရေကန် အလယ်ရှိ ကျောက်တုံးပေါ်တွင် နေပူစာ လုံလျက် ရှိသည်။ ထို လိပ်အေးအေးဆေးဆေး ဖြစ်နေသည်အား ကြည့်ခြင်းအားဖြင့် ရေကန်ထဲ မကောင်းဆိုးဝါး မရှိပုံ ရသည်။ ထိုသို့ ဆိုလျှင် ငါးများ ဘယ်နေရာ ၌ ပျောက်ကုန်ကြသနည်း။

လီနင်းဖန် လက်မလျော့ချေ။ လိပ်အား လေ့လာကြည့်ရင်း အခြားနည်းဖြင့် စမ်းသပ်နိုင်မလား သိချင်မိသည်။ ထိုလိပ်မှာ ငယ်ရွယ်ပုံ ရပြီး လီနင်းဖန် ၏ အသက်တစ်ဝက်ခန့်သာ ရှိနိုင်သည်။ လိပ်သည်လည်း သူ့အား ပျင်းတိပျင်းတွဲ မျက်လုံးများဖြင့် အသာအယာ ဖွင့်ကြည့်ကာ ပြီးနောက် မျက်လုံးများ ပြန်ပိတ်သွားလေသည်။

လီနင်းဖန် ပြုံးလိုက်ကာ ငါးမျှားတံ အား ရေကန်ထဲ လှမ်းပစ်လိုက်သည်။

ရွှတ်

ငါးမျှားကြိုးလေးမှာ ရေကန်အလယ်သို့ ကျဆင်းသွားခဲ့ပြီး လှိုင်းကြပ်ခွက်လေးများ ထသွားသည်။ ရေကန် မျက်နှာပြင်မှာ ဖန်သားအစား ရှင်းလင်းနေသည်။ အကယ်၍ ရေကန်ထဲ တစ်ခုခု ရှိပါက အောက်ခြေအထိပင် မြင်ရနိုင်သည်။ သို့သော် ရေကန်အတွင်း ငါးများ တစ်ကောင်မှ မရှိသည်မှာ သိသာလှသည်။ သူ ရေအောက်ထဲ ချလိုက်သည့် ပုဇွန်ဆိတ်များမှာ မကြာခင်တွင် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ ရေအောက်အနက်ပိုင်းအတွင်း ရေနောက်များ ရှိနေသည့် နေရာတွင်တော့ ကြီးမားသည့် မှုန်ဝါးဝါး မျက်လုံး တစ်စုံမှာ ပွင့်ဟလာပြီး ရေကန် မျက်နှာပြင်ထက်ရှိ ငါးမျှားချိတ်အား ကြည့်လာသည်။ ၄င်းက အောက်ဆုံးအနက်တွင် ရှိပြီး ရွှေရောင်အကြေးခွံများ ဖုံးလွှမ်းနေကာ ကြီးမားလှသည့် ရွှေရောင်အမြှီးတစ်ခုသည်လည်း ၄င်းအား မမြင်နိုင်စေရန် ရေကို နောက်ကျိအောင် လုပ်နေသည်။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now