298+299+300+301+302

934 96 2
                                    

ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၂၉၈
(အလှတရားတွင် ယစ်မူးခြင်း)

မိစ္ဆာဘုရင်ရောက်လာပြီ

မိစ္ဆာငယ်လေးများမှာ အားတက်သရော ဖြစ်သွားကြကာ သူတို့ မြေခွေးမလေးအား ကြည့်နေကြသည်။

ဝူး....

ကျွဲမိစ္ဆာသည်လည်း တန်ခိုးများ ထုတ်လွှတ်နေပြီး ခွန်အားများစွာအသုံးပြုထားရသဖြင့် စကားပင်မပြောနိုင်ပေ။ သူသည် ဝူးဟူသောအသံဖြင့်သာ အော်နိုင်တော့သည်။

အာ ဝူး.....

ဝံပုလွေစိမ်းမိစ္ဆာသည်လည်း ဆွဲငင်စွာ အူနေကာ လေထဲတွင် ပျံသန်းနေသည်။

ထိုအချိန်တွင် သူတို့ နှစ်ဦးစလုံး အံ့အားသင့်သွားကြသည်။ မိစ္ဆာဘုရင် ဤနေရာသို့ ရောက်နေခြင်းလော။

သူတို့ ရှေ့သို့ကြည့်လိုက်ကြသောအခါ သူတို့၏ မျက်လုံးအိမ်များ ပြူးကျယ်သွားသည်။

ကိုးမြီးမြေခွေး...ဒီသာမန်ဘုံမှာ ကိုးမြီးမြေခွေးက တကယ် ရှိနေတာပဲ
ကျွဲမိစ္ဆာမှာ ပျော်ရွှင်သွားလေသည်။
ငါ့ရဲ့ ဇနီးလေး နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ

ချက်ချင်းပင် သူသည် ကိုးမြီးမြေခွေးမလေးနားသို့ ချဉ်းကပ်လာကာ သရော်ပြော ပြောတော့သည်။
ညီလေး...မြန်မြန် ကိုးမြီးမြေခွေးလေးကို အရှင်ဖမ်းလိုက်တေ့ာ

ဝံပုလွေစိမ်းမိစ္ဆာလည်း အလောတကြီး ခေါင်းညိမ့်လိုက်သည်။
အကိုကြီး...စိတ်မပူပါနဲ့...ကျွန်တော်က အကို့ညီပါ...ကျွန်တော်အခုပဲ ဖမ်းလိုက်မယ်

သူသည် အစိမ်းရောင်လေပြင်းအသွင် ပြောင်းသွားကာ ဗိုက်ဆာနေသော ကျားတစ်ကောင်သဖွယ် သားကောင်အား ခုန်အုပ်သကဲ့သို့ ခုန်အုပ်တော့သည်။

မြေခွေးမလေးသည် ချဉ်းကပ်လာနေသော သူတို့အား စိုက်ကြည့်နေမိကာ သူမ၏ မျက်လုံးလေးများ အံ့အားသင့်လျက် ပြူးနေကာ ခုန်ဆွခုန်ဆွခြေထောက်လေးများမှာ ခုန်ဆွခုန်ဆွ ဖြစ်မနေတော့ပဲ နောက်သို့ အနည်းငယ် ယိုင်သွားသည်။

သူမ၏ မျက်လုံးလေးများ နီရဲသွားကာ သူမ၏ ဘဝတွင် သတ္တိအားလုံးအား အသုံးပြုနေရသည့် အတိုင်းပင်ဖြစ်နေသည်။ သူမ၏ နှင်းဖြူရောင်အမွှေးများသည် ပျော့ပျောင်းမနေတော့ပဲ ပေါက်ကွဲထွက်မတတ် အနေအထားတွင် ရှိနေ၏။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now